ဘွဲ့နှင်းသဘင်ခန်းမ ပြင်ဆင်ပေးဖို့ ကယား ကျောင်းသားတွေ ဆန္ဒပြ
ကယားပြည်နယ်က ကျပ်သိန်းပေါင်း တစ်သောင်းသုံးထောင်ကျော် ကျော် အကုန် ကျခံပြီး တည်ဆောက်ခဲ့တဲ့ ဘွဲ့နှင်းသဘင် ခန်းမ ပျက်စီးနေတာကို ပြန်လည် စိစစ်ပေးဖ့ို အတွက် ကယားပြည်နယ် ကျောင်းသားသမဂ္ဂက အဖွဲ့ဝင်တွေက ဒီကနေ့ ပြည်နယ်အစိုးရရုံးရှေ့မှာ ဒုတိယအကြိမ် ဆန္ဒပြတောင်းဆိုကြပါတယ်။
-
2016-09-28 -
-
-
ကယားပြည်နယ်က ကျပ်သိန်းပေါင်း တစ်သောင်းသုံးထောင်ကျော် အကုန်ကျခံပြီး တည်ဆောက်ခဲ့တဲ့ ဘွဲ့နှင်းသဘင် ခန်းမ ပျက်စီးနေတာကို ပြန်လည်စိစစ်ပေးဖ့ိုအတွက် ကယားပြည်နယ် ကျောင်းသား သမဂ္ဂကအဖွဲ့ဝင်တွေက ဒီကနေ့ ပြည်နယ်အစိုးရရုံးရှေ့မှာ ဒုတိယအကြိမ် ဆန္ဒပြတောင်းဆိုကြပါတယ်။
ဘွဲ့နှင်းသဘင်ခန်းမ ပျက်စီးနေတာကို ပထမအကြိမ် ဆန္ဒပြတောင်းဆိုခဲ့ပေမဲ့ မဖြေရှင်းပေးတဲ့အတွက်အခုလို ထပ်မံ ဆန္ဒပြတာဖြစ်ပြီး ပြည်နယ်အစိုးရ ၊ ကုမ္ပဏီနဲ့ တာဝန်ရှိ တက္ကသိုလ်ဆရာဆရာမတွေ၊ ကျောင်းသားအဖွဲ့ နဲ့ လေ့လာစောင့်ကြည့်သူတွေ လေးပွင့်ဆိုင်တွေ့ဆုံဖို့သဘောတူညီမှုရရှိခဲ့တယ်လို့ ကယားပြည်နယ်ကျောင်းသား သမဂ္ဂဥက္ကဌ ခွန်းရဲမင်း ကျော်က ပြောပါတယ်။
အဲဒီ လေးပွင့်ဆိုင်တွေ့ဆုံပွဲကို လာမယ့် သောကြာနေ့မှာ ကယားပြည်နယ်အစိုးရရုံးမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ကယားပြည်နယ် ဘွဲ့နှင်းသဘင်ခန်းမကို ၂၀၁၄ - ၂၀၁၅ ဘတ်ဂျက်နဲ့ KMG ကုမ္ပဏီက ကျပ်သိန်းပေါင်း ၁၃၀၀၀ ကျော် အကုန်ကျခံတာဝန်ယူ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်ဖေဖေါ်ဝါရီလမှာ ခန်းမကိုဖွင့်လှစ်ခဲ့ဲပြီး လက်ရှိအချိန် ခန်းမဆောင်မှာ အက်ကြောင်းထနေ တာတွေ အောက်ခြေမှာ ပျက်စီးနေတာတွေဆိုးဆိုး ဝါးဝါးဖြစ်နေတဲ့အတွက် ကျောင်းသားတွေက ဆန္ဒပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။