လျော်ကြေးငွေ မယူထားတဲ့ ဒေသခံများ စိုက်ပျိုးခွင့် ရရှိလို
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မှာ မြေလျော်ကြေးငွေ မယူထားတဲ့တောင် သူ ၆၀ ကျော်က ဒီနှစ်ထွန်ယက်စိုက်ပျိုးခွင့်ရဖို့အတွက် ဝမ်ပေါင်ကုမ္ပဏီထံ တောင်းဆိုထားပါတယ်။
-
2015-05-24 -
-
-
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မှာ မြေလျော်ကြေးငွေ မယူထားတဲ့တောင်သူ ၆၀ ကျော်က ဒီနှစ်ထွန်ယက်စိုက်ပျိုးခွင့်ရဖို့အတွက် ဝမ်ပေါင်ကုမ္ပဏီထံ တောင်းဆိုထားပါတယ်။
စိုက်ပျိုးမြေတွေကို အပြီးအပိုင်မရောင်းနိုင်တဲ့အတွက် အငှားမြေအဖြစ် ပြန်လည် လုပ်ကိုင်ခွင့်ပေးဖို့ တောင် သူတွေက လက်မှတ်ထိုးပြီး တောင်းဆိုထားတာလို့ "တုံရွာ"သူ မစန္ဒာက ပြောပါတယ်။
"အလုပ်အကိုင် အခွင့်အလမ်းတွေတောင်းတယ်၊ အစားထိုးမြေတွေတောင်းတယ်၊ ဒါမှမဟုတ်ရင် အစီ ရင်ခံစာတိုင်း လုပ်ဆောင်ပေးပေါ့နော်၊ နှစ်စဉ် သီးနှံလျော်ကြေး ပေးဖို့ရာတောင်းတယ်၊ မြေအငှား စာချုပ်လုပ်ဆောင်ပေးဖို့တောင်းတယ်၊ အစိုးရချပေး တဲ့လမ်းစဉ်က ကျမတို့ဘဝတွေ ရေရှည်ရပ်တည်ရေး အတွက် မဖြစ်နိုင်ဘူး၊ ပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့အတွက် ကျမတို့မြေတွေကို အပြီးအပိုင် မရောင်းနိုင်တာလို့ပြောလိုက်တယ်၊ ကျမတို့မြေလုံးဝ မရောင်းရသေးတဲ့လူတွေက ခြံစည်းရိုးထဲမှာပါသွားပါ တယ်၊ ဝမ်ပေါင်ကတော့ အစိုးရနဲ့ ဖြေရှင်းဆိုတဲ့ သဘောမျိုးပြောတယ်"
တောင်သူတွေတောင်းဆိုချက်ကို ဝမ်ပေါင်ကုမ္ပဏီက အစိုးရကချမှတ်ထားတဲ့ အတိုင်းသာ ဆောင်ရွက်မယ်လို့ ပြော ကြားခဲ့တယ်လို့ သိရပါတယ်။
တုံရွာကျေးရွာအုပ်စုမှာပါဝင်တဲ့ တုံရွာ ၊ အလယ်တော၊ ရွာသစ် ၊ တောကျောင်း ၊ အလယ်ရွာနဲ့ လက်ပံတောင်း ကျေး ရွာအုပ်စုမှာပါဝင်တဲ့ ရွှေလှေကျေးရွာအုပ်စု က တောင်သူတွေက ဝမ်ပေါင်ကုမ္ပဏီရုံးခန်းမှာ ပေးခဲ့တာဖြစ်ပါတယ်။
တုံကျေးရွာအုပ်စုမှာ မြေလျော်ကြေးနဲ့ သီးနှံလျော်ကြေးမယူတဲ့ တောင်သူ ၆၀ ကျော်ရဲ့ လယ်မြေဧက ၂၀၀ ကျော် ဟာ ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်တဲ့အထဲပါ သွားပြီး အဲဒီမြေနေရာတွေမှာလည်း ဆောက်အဦးတွေ လည်း ဆောက်လုပ်နေပြီလို့ သိရပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသတစ်ခုလုံးမှာ အစိုးရကပေးတဲ့ မြေလျော်ကြေး မယူရသေးသူတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။