လယ်တီ သိမ်တော်နဲ့ စေတီကို ဖြိုဖျက်လိုက်ပြီ

တရုတ်ဝမ်ပေါင်နဲ့ မြန်မာစစ်တပ်ရဲ့ ဦးပိုင် ကုမ္ပဏီတို့ပူးပေါင်းလုပ်ဆောင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာက လယ်တီ ဆရာတော်ရဲ့ သိမ်တော်နဲ့ စေတီတွေကို လုံးဝဖြိုဖျက်လိုက် ပြီလို့ သတင်းရရှိပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းမှာရှိတဲ့ လယ်တီဆရာတော်ရဲ့ သိမ်နဲ့ စေတီဟောင်းကို တွေ့ရစဉ်

တရုတ်ဝမ်ပေါင်နဲ့ မြန်မာစစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီ တို့ပူးပေါင်းလုပ်ဆောင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာက လယ်တီဆရာတော်ရဲ့ သိမ်တော်နဲ့ စေတီတွေကို လုံးဝဖြိုဖျက်လိုက်ပြီလို့ သတင်းရရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဒေသခံ ဆရာတော် အရှင် စန္ဒာသီရိကRFA ကိုမိန့်ပါတယ်။

"လုပ်ကွက်ထဲမှာပါတဲ့ ဦးဇင်းတို့လို တစ်ယောက်ပေါ့နော် သူကနေပြီးတော့ ဘုရား ပန္နတ်တွေကို မနေ့ညကပဲ ဖျက်ဆီးပစ်လိုက်ပြီ ငုတ်တိုတွေပဲ ကျန်တော့တယ်လို့ သတင်းလှမ်း ပို့တယ်ဗျ "

အဲဒီ လယ်တီသိမ်ကိုမဖျက်ဆီးဖို့ဒေသခံတွေ ကန့် ကွက်တောင်းဆိုခဲ့ကြသလို၊ စုံစမ်ရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာလဲ စီမံကိန်းမလွတ်လို့ဆိုရင် မူလ ပုံစံမပျက်ရွှေ့ပြောင်းပေးရမယ်လို့ အကြံပြုထား ပါတယ်။ ဒါပေမယ့် ဒေသခံလူထုရော၊ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာကိုပါ လျစ်လျူရှုပြီး ဖြိုချလိုက် တာဖြစ်တယ်လို့ဒေသခံ ဆရာတော် အရှင်စန္ဒာသီရိကမိန့်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org