ပိုလျှံလယ်ယာမြေတွေမှာ ထွန်ယက်ခွင့်ပေးဖို့ တောင် သူတွေ တောင်းဆို

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် က မန္တလေး နည်းပညာတက္ကသိုလ် ဧရိယာအတွင်း ပိုလျှံနေတဲ့ မြေဧက ၆၀၀ မှာ ပြန်လည် စိုက်ပျိုးခွင့်ပြုဖို့ တောင်သူတွေက ဒီကနေ့ တောင်းဆိုလိုက် ပါတယ်။

မန္တလေး နည်းပညာတက္ကသိုလ်အတွင်းက ပိုလျှံတဲ့မြေတွေမှာ ထွန်ယက်စိုက်ပျိုးခွင့်ပေးဖို့ အောက်တိုဘာလ ၂ ရက်နေ့က မန္တလေးမီဒီယာစင်တာမှာ တောင်သူတွေ သတင်းစာရှင်းလင်းပွဲကျင်းပပြီး တောင်းဆိုစဉ် Photo: Hset Paing Toe/ RFA

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်က မန္တလေး နည်းပညာတက္ကသိုလ် ဧရိယာအတွင်း ပိုလျှံနေတဲ့ မြေဧက ၆၀၀ မှာ ပြန်လည် စိုက်ပျိုးခွင့်ပြုဖို့ တောင်သူတွေက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

မန္တလေးမီဒီယာစင်တာမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တောင်သူ ဦးဟန်ထွန်း က လာမယ့် အောက်တိုဘာ လ ၅ရက်နေ့မှာ စတင်ထွန်ယက်စိုက်ပျိုးကြမှာဖြစ်တဲ့အတွက် ခွင့်ပြုပေးဖို့ ပြောတာဖြစ်ပါတယ်။

တောင်သူ ၆၃ ဦးပိုင်ဆိုင်တဲ့ လယ်ယာမြေဧက ၇၀၀ နီးပါးကို ၁၉၈၉ ခုနှစ်က တစ်ဧကကို ငွေကျပ် ၄၀၀ ကျော်ပေး ပြီး အမှတ်(၁)စက်မှုဝန်ကြီးဌာနက သိမ်းယူခဲ့တာဖြစ်တယ်လို့ တောင်သူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြော ပါတယ်။

အဲဒီလယ်ယာမြေဧက ၇၀၀ နီးပါးထဲက ဧက ၁၀၀ ကျော်မှာ မန္တလေး နည်းပညာတက္ကသိုလ် တည်ထောင်ထား တာဖြစ်ပါတယ်။ တောင်သူ ၆၃ ဦးကိုယ်စား ၆ ဦးက ဦးဆောင်ပြီး ပိုလျှံနေတဲ့ လယ်ယာမြေဧက ၆၀၀ မှာ ပြန်လည် စိုက်ပျိုးခွင့်ရဖို့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။

အရင်အစိုးရလက်ထက်ကစပြီး ပိုလျှံမြေတွေမှာ ထွန်ယက်စိုက်ပျိုးခွင့်ရရှိဖို့ စာရေးသား တောင်းဆိုခဲ့ပေမယ့် တစ်စုံတစ်ရာ ဖြေရှင်းပေးတာမရှိခဲ့ဘူးလို့လည်း ပြောပါတယ်။

အခုအစိုးရလက်ထက်မှာ ဆက်လက်တောင်းဆိုရာမှာ ပြီးခဲ့တဲ့ ဇူလိုင်လက တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ကွင်းဆင်းစစ်ဆေးဖို့ ညွှန်ကြားထားကြောင်း တောင်သူတွေထံ အကြောင်းပြန်ခဲ့တယ်လို့ တောင်သူ ဦးဟန်ထွန်း က ပြောပါတယ်။

သိမ်းယူထားတဲ့ လယ်ယာမြေဧက ၇၀၀ နီးပါးကို ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်း၊ ပုဏ္ဏားကုန်း၊ ရန်ကင်းတောင်၊ လိမ်ပင်၊ ရွေးစု စတဲ့ကျေးရွာတွေက တောင်သူတွေ ပိုင်ဆိုင်ကြတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org