ဟင်္သာတမှာ မြေယာလျော်ကြေး သိန်းပေါင်း ၁ သောင်းကျော် ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး ဟသာၤတမြို့နယ် က မြို့ကွင်းမြစ်ရေတင်စီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ ဥယျာဉ်နဲ့ လယ်ယာမြေဧက ငါးရာကျော် အတွက် လျှော်ကြေးငွေ ကျပ်သန်းပေါင်း တစ်သောင်းကျော် ကို ဒီနေ့ ပေးအပ်ခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ဟသာၤတမြို့နယ်က မြို့ကွင်းမြစ်ရေတင်စီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ ဥယျာဉ်နဲ့ လယ်ယာမြေဧက ငါးရာကျော်အတွက် လျှော်ကြေးငွေ ကျပ်သန်းပေါင်း တစ်သောင်းကျော်ကို ဒီနေ့ ပေးအပ်ခဲ့ပါတယ်။

တစ်ဧကကို ကျပ် ၁၈ သိန်းစီနဲ့ သီးနှံလျှော်ကြေးတွေပါ ပေးအပ်ခဲ့တယ်လို့ ဟသာၤတမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုး က ပြောပါတယ်။

"မြို့ကွင်းမြစ်ရေတင်စီမံကိန်းမှာ ပါဝင်သွားတဲ့တောင်သူတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို ငဲ့ညှာထောက်ထားတဲ့အနေ နဲ့ မြေတစ်ဧကတန်ဖိုး ၁၈ သိန်း သီးနှံလျှော်ကြေးကို တစ်ဧက ၃ ဒသမ ၆ သိန်းနှုန်း လယ်ယာမြေ ဧက ၅၃၆ ဒသမ ၃၂ ဧကအတွကို လျှော်ကြေးငွေက ၁၁၅၇ ဒသမ ၂၅၆ သန်း အဲ့ဒါပါပဲ"

တောင်သူ ၆၉၉ ဦးပိုင်ဆိုင်တဲ့ လယ်ယာမြေ ၅၃၃ ဧကနဲ့ ဥယျာဉ်ခြံမြေ ၃ ဧကကျော်အတွက် လျှော်ကြေးငွေ တွေကို ကျေးရွာအလိုက် လယ်ယာကော်မတီတွေထံ ပေးအပ်ခဲ့တာဖြစ်ပြီး ကော်မတီတွေက တစ်ဆင့် သက်ဆိုင်ရာ လယ်ယာမြေပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်။

ဟသာၤတမြို့နယ်အတွင်းက ကျေးရွာ ၁၀ ရွာက လယ်ယာမြေတွေကိုသိမ်းယူခဲ့ပြီး မြို့ကွင်းမြစ်ရေတင် စီမံကိန်းကို ၂၀၀၂ ခုနှစ်က စတင်ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org