KNPP ဥက္ကဋ္ဌသစ်အဖြစ် ခူးဦးရယ်ကို ရွေးချယ်ခန့်အပ်
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ရဲ့ ဥက္ကဋ္ဌအဖြစ် ခူးဦးရယ်ကို ရွေးချယ်လိုက်တယ်လို့ ဒီနေ့ ဇန်နဝါရီ ၁ ရက် ဒီနေ့ KNPP က ထုတ်ပြန်ပါတယ်။
- 2022-01-01
-
-
-
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ရဲ့ ဥက္ကဋ္ဌအဖြစ် ခူးဦးရယ်ကို ရွေးချယ်လိုက်တယ်လို့ ဒီနေ့ ဇန်နဝါရီ ၁ ရက် ဒီနေ့ KNPP က ထုတ်ပြန်ပါတယ်။
KNPP ရဲ့ ၁၄ ကြိမ်မြောက် ပါတီကွန်ကရက်ကို ဒီဇင်ဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၃၀ ရက်နေ့အထိ ကျင်းပ ပြီးနောက်မှာ လျှို့ဝှက်မဲစနစ်နဲ့ ပါတီခေါင်းဆောင်ပိုင်း ကိုးယောက် နေရာအတွက် ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။
KNPP ပါတီကို ၁၉၅၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အရင်က ပါတီမှာ ဒု-ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်း ဆောင်နေတဲ့ ခူးဦးရယ်ကို အခု ညီလာခံကနေ ဥက္ကဋ္ဌအဖြစ် ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။
အရင်က KNPP ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ခွန်းအေဘယ်တွိဒ် ဟာ ဒု-ဥက္ကဋ္ဌအဖြစ် မဲပေးရွေးချယ်ခံထား ရပြီး ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ဆန်းမြင့် ကတော့ အတွင်းရေးမှူး - ၂ အဖြစ် ဆက်လက်ပါဝင်နေပါတယ်။
ဥက္ကဋ္ဌသစ်ရဲ့ ခရစ်စမတ်အကြိုနေ့က ပထမဆုံး မိန့်ခွန်းမှာ ဖရူဆိုမြို့နယ်ထဲ ကလေးနဲ့အမျိုးသမီး အပါ အဝင် လူတချို့ မီးရှို့သတ်ဖြတ်ခံရမှုဟာ အော့နှလုံးနာစရာဖြစ်တယ်ဆိုပြီး ထည့်သွင်းပြောဆိုပါတယ်။
KNPP အနေနဲ့ ကရင်နီပြည်နယ်ထဲမှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်း စစ်ဆေး၊ မှတ်တမ်းပြုစုထားပြီး အရေးယူသွားဖို့ ရှိတယ်လို့လည်း ဆိုထားပါတယ်။