NCA ထိုးဖို့ အတိအကျ မဆုံးဖြတ်ရသေးဘူးလို့ KNPP ပြော

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်ဖြစ်တဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ဟာ အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ထိုးဖို့အတွက် အတိအကျဆုံးဖြတ်ထားတာ မျိုးတော့ မရှိသေးဘူးလို့ KNPP ရဲ့ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးဒယ်နီရယ် က ပြောပါတယ်။

၆၇ ကြိမ်မြောက် ကရင်နီတပ်မတော်နေ့ အခမ်းအနားမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဒယ်နီရယ် မိန့်ခွန်းပြောကြားနေစဉ် Photo: Nay Thwae/RFA

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်ဖြစ်တဲ့ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ KNPP ဟာ အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ် ထိုးဖို့အတွက် အတိအကျဆုံးဖြတ်ထားတာမျိုးတော့ မရှိသေးဘူးလို့ KNPP ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးဒယ်နီရယ် က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရတစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောကြားတဲ့မိန့်ခွန်းထဲမှာ KNPP အပါအဝင် UNFC အဖွဲ့ဝင် ၅ဖွဲ့က NCA စာ ချုပ်ကို လက်မှတ်ထိုးတော့မှာဖြစ်ကြောင်း ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး ဦးဒယ်နီရယ် က ပြောလိုက်တာဖြစ်ပါတယ်။

"ကျတော်တို့အနေနဲ့က ပြောထားတာက ထိုးတော့ထိုးမယ်၊ ဒါပေမဲ့ တချို့ဆွေးနွေးစရာ အချက် အလက်တွေက ရှိသေးတယ်၊ အဲလောက်ပဲပြောထားပါတယ်၊ အဆင်သင့်ဖြစ်နေပြီ ဘယ်အချိန် အတိ အကျထိုးမယ်၊ ကျွန်တော်တို့ မပြောထားသေးဘူး၊ သူပြောတာတော့ မှားတော့မမှားဘူးပေါ့နော်၊ ကျတော် တို့လည်း NCA လမ်းကြောင်းအတိုင်းပဲ သွားမယ်ပြောထားတာကို၊ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီဟာကို သွားမှာပဲ အချိန်တစ်ခုပဲ ပြောစရာဖြစ်တာပေါ့"


ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် ၅ ဖွဲ့ဖြစ်တဲ့ ကရင်နီအမျိုး သား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လား ဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) နဲ့ ဝ အမျိုးသားအဖွဲ့ချုပ် (WNO) တို့ဟာ NCA ကို လက်မှတ်ထိုးတော့မယ်ဆိုပြီး မတ်လ ၃ဝ ရက် မနေ့ညနေပိုင်းက ပြောကြားလာကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့မိန့်ခွန်း ပြောကြားခဲ့ပြီးနောက်မှာ ဒီသတင်းရရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က ဖြည့်စွက်သတင်းစကားအဖြစ် တယ်လီဖုန်းက ပေးပို့ခဲ့တာလို့ ဆိုပါတယ်။

UNFC ရဲ့ အစည်းအဝေးကို မကြာခင်ရက်ပိုင်းအတွင်း ကျင်းပမှာဖြစ်ပြီး အဲဒီအစည်းအဝေးကနေ NCA မှာ လက်မှတ်ထိုးဖို့ကိစ္စကို ဆုံးဖြတ်ချက်တစ်ခုခုတော့ ဖြစ်လာလိမ့်မယ်လို့လည်း ဦးဒယ်နီရယ်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org