ဂျပန်အဖျော်ယမကာလုပ်ငန်းရှယ်ယာများ ဦးပိုင်ကို ပြန်လည်ရောင်းချမည်

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေတဲ့ Kirin ဂျပန်အဖျော်ယမကာလုပ်ငန်းတွေကို စစ်ကောင်စီရဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို ပြန်လည်ရောင်းချမှာဖြစ်တယ်လို့ ကြာသပတေးနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စစ်တပ်ပိုင် ဦးပိုင်လီမိတက်နှင့် ဂျပန်ယမကာကုမ္ပဏီ ကီရင်တို့ ဖက်စပ်လုပ်ကိုင်သော Myanmar Brewery Ltd ရုံးကို ၂ဝ၁၆ ခုနှစ်က ဖေဖော်ဝါရီလက မြင်တွေ့ရစဉ်။ Photo: Myanmar Brewery Ltd
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေတဲ့ Kirin ဂျပန်အဖျော်ယမကာလုပ်ငန်းတွေကို စစ်ကောင်စီရဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို ပြန်လည်ရောင်းချမှာဖြစ်တယ်လို့ ကြာသပတေးနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
 
ထုတ်ပြန်ချက်မှာ သူ့ရဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို မြန်မာ့ဦးပိုင် MEHL ကို အမေရိကန်ဒေါ်လာ ၁၆၄ သန်းနဲ့ညီမျှတဲ့ ဂျပန်ယန်းငွေ ၂၂.၄ ဘီလီယံနဲ့ ရောင်းချမှာဖြစ်တယ်လို့ ဆိုပါတယ်။ Kirin ကုမ္ပဏီရဲ့ သတင်းစာရှင်းပွဲကို ကြာသပတေးနေ့က ပြုလုပ်သွားတယ်လို့ Nikkei Asia သတင်းစာ မှာ ဖော်ပြပါတယ်။
 
Kirin အနေနဲ့ ရင်းနှီးမြှုပ်နှံနေတဲ့ မြန်မာအဖျော်ယမကာလုပ်ငန်း MBL ကို ၅၁ % မြှုပ်နှံဆောင် ရွက်နေတာဖြစ်ပြီး ဦးပိုင်ဘက်က ၄၉ % ပါ၀င်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်း ပြီးနောက် ဖြစ်ပေါ်လျက်ရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများအရ ရင်းနှီးမြှုပ်နှံထား တာတွေ ထုတ်မယ်လို့ ပထမဆုံးကြေညာခဲ့တဲ့ ဂျပန်ကုမ္ပဏီ ဖြစ်ပါတယ်။
 
ပထမပိုင်းက ကုမ္ပဏီရှယ်ယာများကို ဇွန်လက အပြီးရောင်းချမယ်လို့ စီစဥ်သလို အမေရိကန်နဲ့ ဥရောပကုမ္ပဏီတွေကို ရောင်းချဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေတာကြောင့် ဦးပိုင်ကို အပြီး သတ် ရောင်းချလိုက်တာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Justice for Myanmar အဖွဲ့ကတော့ Kirin ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ဟာ တာဝန်မဲ့ရာရောက်တယ်လို့ ကြေညာချက်ထုတ် ဝေဖန်လိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ စစ်ကောင်စီကို အကြိုက်တွေ့စေမှာဖြစ်ပြီး၊ ဒီလုပ်ငန်းတွေကနေ စစ်ကောင်စီဟာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နိုင်ဖို့ ငွေကြေးတွေ ဆက်ရနေလိမ့်မယ်လို့ Justice for Myanmar ပြောခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

စစ်ကောင်စီငွေကြေးဆက်ရနေမယ့် ဆုံးဖြတ်ချက်ကို Kirin ကုမ္ပဏီအနေနဲ့ ပြန်လည်ပြင်ဆင်ဖို့နဲ့ အလုပ်သမားတွေကို လျော်ကြေးငွေတွေပေးဖို့ ကြေညာချက်ထဲမှာ တောင်းဆိုထားပါတယ်။

Kirin ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ကိုင်လျက်ရှိတဲ့ လုပ်ငန်းတွေ အရှုံးနဲ့ရင်ဆိုင်ရပြီး ၂၀၂၁ ခုနှစ်မှာ ယန်းငွေ ၆၈ ဘီလီယံ အရှုံးပေါ်ခဲ့တယ်လို့ Nikkei Asia သတင်းစာမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org