ရှေ့နေ ဒေါ်ခင်ခင်ကျော်နဲ့ ဗကသ ကိုသန်းထိုက်ကို ပြန်လွှတ်ဖို့ AI အဖွဲ့ တောင်းဆို

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က ပဲခူးတိုင်း မင်းလှမြို့နယ် တရားရုံးကနေ ထောင်ဒဏ် ၆ လဆီချလိုက်တဲ့ သပိတ်မှောက်ကျောင်းသားတွေရဲ့ ရှေ့နေ ဒေါ်ခင်ခင်ကျော်နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အမှုဆောင်ဟောင်း ကိုသန်းထိုက်တို့ကို ချွင်းချက်မရှိ၊ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသားခွင့်အဖွဲ့က မြန်မာအစိုးရကို ဒီနေ့ တောင်းဆိုလိုက် ပါတယ်။

ရှေ့နေ ဒေါ်ခင်ခင်ကျော်နဲ့ ဗကသ ကျောင်းသားဟောင်း ကိုသန်းထိုက်တို့ကို လွှတ်ပေးဖို့ ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအရှေ့မှာ ဆန္ဒပြတောင်းဆိုကြစဉ် Photo: Htet Arkar/RFA

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က ပဲခူးတိုင်း မင်းလှမြို့နယ် တရားရုံးကနေ ထောင်ဒဏ် ၆ လဆီချလိုက်တဲ့ သပိတ်မှောက်ကျောင်းသားတွေရဲ့ ရှေ့နေ ဒေါ်ခင်ခင်ကျော်နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အမှုဆောင်ဟောင်း ကိုသန်းထိုက်တို့ကို ချွင်းချက်မရှိ၊ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသားခွင့်အဖွဲ့က မြန်မာအစိုးရကို ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် ဒေါ်ခင်ခင်ကျော်ရဲ့ ရှေ့နေလိုက်ခွင့်လိုင်စင်ကို ပြန်ပေးဖို့လည်း AI အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

၂၀၁၄ ခုနှစ်ကဖြစ်ခဲ့တဲ့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး တောင်းဆိုတဲ့ ကျောင်းသားသပိတ်ကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲပြီး၊ ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေကို ဒေါ်ခင်ခင်ကျော်က ဥပဒေ အကျိုးဆောင်ပေးခဲ့တာပါ။

အဲဒီကာလတုန်းက ကျောင်းသားသပိတ်ကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုမှာ တာဝန်ရှိတဲ့ ရဲမှူးတွေကို တရားစွဲဖို့ ရှေ့နေ ဒေါ်ခင်ခင်ကျော်က လျှောက်ထားခဲ့တာနဲ့ ပတ်သက်ပြီး ၂၀၁၅ စက်တင်ဘာလ ၁ ရက်နေ့ ရုံးချိန်းမှာ မြို့နယ်တရားသူကြီးနဲ့ အချေအတင် အငြင်းအခုံဖြစ်ခဲ့ကြပါတယ်။ အဲဒီနောက် သာယာဝတီမြို့နယ် တရားသူကြီး ဦးချစ်မြတ်က ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org