ရွှေဘိုခရိုင်က ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း ရိုက်နှက်ဖမ်းဆီးခံရ
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် မကျည်းတုံကျေးရွာရဲ့ အုပ်ချုပ်ရေးမှူးဟောင်း ဦးကံမြင့်ကို စစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးရဲ့ သားဖြစ်သူနဲ့ ပျူစောထီးအဖွဲ့က ဩဂုတ်လ ၂၆ ရက် မနေ့ နေ့လယ်ပိုင်းမှာ ဖမ်းဆီးရိုက်နှက်ပြီး ရဲစခန်းထံ အပ်ခဲ့ တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
- 2021-08-27
-
-
-
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် မကျည်းတုံကျေးရွာရဲ့ အုပ်ချုပ်ရေးမှူးဟောင်း ဦးကံမြင့်ကို စစ်ကောင်စီက ခန့်ထား တဲ့ အုပ်ချုပ်ရေးမှူးရဲ့ သားဖြစ်သူနဲ့ ပျူစောထီးအဖွဲ့က ဩဂုတ်လ ၂၆ ရက် မနေ့ နေ့လယ်ပိုင်းမှာ ဖမ်းဆီး ရိုက်နှက်ပြီး ရဲစခန်းထံအပ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အသက် ၅၀ အရွယ် ဦးကံမြင့်ဟာ ခင်ဦးမြို့ပေါ်ကနေ မော်တော်ဆိုင်ကယ်နဲ့ ၅ မိနစ်ခန့် မောင်းရတဲ့ မကျည်း တုံကျေးရွာကို ပြန်လာချိန် နေ့လယ် ၁၁ နာရီခွဲခန့်မှာ PDF နဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ အကြောင်းပြချက် နဲ့ ရိုက်နှက်ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"၈ နာရီလောက် သူခင်ဦးမြို့ပေါ်ကို သွားတယ်။ ဖုန်းသွားပြင်တာ မရခဲ့သေးဘူး၊ မရခဲ့တော့ ပြန်လာတာ ၁၀ နာရီလောက်တော့ ရပြီဆိုလို့ သွားပြန်ယူတာပေါ့ဗျာ၊ ဖုန်းသွားယူပြီး ပြန်လာတော့ လမ်းမှာ ပျိုးနုတ် နေတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးပြူးမောင်ရဲ့ သားနဲ့အဖွဲ့က တက်ရိုက်ကြတာပဲ၊ ခင်ဦးကို သွားတာ PDF နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီးတော့ ရဲလက်အပ်လိုက်တာပဲ"
ဦးကံမြင့်ကို ရိုက်နှက်ပြီးနောက် ခင်ဦးမြို့မရဲစခန်းကို ဆက်သွယ်ပြီး လာရောက်ဖမ်းဆီး ခိုင်းခဲ့သလို လက်ရှိ မြို့မရဲစခန်းမှာ ချုပ်ထားတယ်လို့သာ ကြားရပြီး မိသားစုနဲ့လည်း အဆက်သွယ်မရဘူးလို့ ဒေသခံက ဆိုပါတယ်။
ဩဂုတ်လ ၂၆ ရက်နေ့၊ နေ့လယ် ၁၀ နာရီဝန်းကျင်မှာလည်း ခင်ဦးမြို့ပေါ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) ရုံးနဲ့ ခင်ဦးမြို့မဗလီကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကလည်း ခင်ဦးမြို့နယ်၊ မကျည်းတုံကျေးရွာမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူး ဦးပြူးမောင်ရဲ့ သတင်းပေးမှုကြောင့် ဖမ်းဆီးခံရသူတစ်ယောက်ရှိခဲ့ပြီး လက်ရှိ ရွှေဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထား ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။