ကယားအဖွဲ့အစည်းတွေ သယံဇာတ စီမံခန့်ခွဲခွင့် တောင်းဆို

ပြည်နယ်တွေကထွက်ရှိတဲ့ သဘာဝ သယံဇာတတွေကို သက်ဆိုင်ရာပြည် နယ်တွေကသာ စီမံခန့်ခွဲခွင့်ရှိတယ် ဆိုတဲ့အချက်ကို ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းမပြင်ဆင်သရွေ့ ကယားပြည်နယ်မှာ တိုးချဲ့ လုပ်ဆောင်နေတဲ့ သတ္တုတူးဖော်ရေး စီမံကိန်းတွေ အားလုံးကို ရပ်ဆိုင်းထားဖို့ ကယားပြည်နယ်အခြေစိုက် လူမှုအဖွဲ့အစည်းနှစ်ခုက တောင်းဆိုလိုက်ပါတယ်။

ကယားပြည်နယ်၊ မော်ချီးသတ္တုတွင်းကို တွေ့ရစဉ် photo: RFA/ Nay Thwae

ပြည်နယ်တွေကထွက်ရှိတဲ့ သဘာသယံဇာတတွေကို သက်ဆိုင်ရာပြည်နယ်တွေကသာ စီမံခန့်ခွဲခွင့် ရှိတယ်ဆိုတဲ့အချက်ကို ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းမပြင်ဆင်သရွေ့ ကယားပြည်နယ်မှာ တိုးချဲ့လုပ်ဆောင်နေတဲ့ သတ္တုတူးဖော်ရေး စီမံကိန်းတွေအားလုံးကို ရပ်ဆိုင်းထားဖို့ ကယားပြည်နယ်အခြေစိုက် လူမှုအဖွဲ့အစည်းနှစ်ခု က တောင်းဆိုလိုက်ပါတယ်။

မိုလိုအမျိုးသမီး သတ္တုတွင်းစောင့်ကြည့်ရေးကွန်ရက်နဲ့ ကရင်နီလူမှုအခြေပြု အဖွဲ့အစည်းကွန်ရက်တို့က ဒီကနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာပါ။

ပြီးခဲ့တဲ့ ၂၁၂ ခုနှစ် ကေအန်ပီပီနဲ့ အစိုးရတို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက်ပိုင်း တိုးချဲ့လုပ်ကိုင်လာတဲ့ သတ္တုတွင်းစီမံကိန်းတွေကြောင့် ဒေသခံတွေ အလုပ်အကိုင်ရှားပါးလာပြီး လယ်ယာမြေ သိမ်းဆည်းခံရမှုတွေလည်း ကြုံလာရတယ်လို့ မိုလိုအမျိုးသမီး သတ္တုတွင်းစောင့်ကြည့်ရေးကွန်ယက် စည်းရုံးရေးမှူး မနန်းခမ်းလျာက ပြောပါတယ်။

အပစ်ခတ်ရပ်စဲရေးလုပ်ထားတဲ့ အချိန်ကာလအတိုင်းအတာ တိုတိုလေးမှာပဲ လူထုရဲ့တိုးတက်ရာဖွံ့ဖြိုးကြောင်းတွေကို ဘာမှမလုပ်ဆောင်ပဲနဲ့ အစိုးရနဲ့ကုမ္ပဏီတို့ ပူးပေါင်းပြီးတော့မှ ပြည်နယ်ထဲမှာရှိတဲ့ သတ္တုတွေကို ဒီလိုမျိုးလာတူးဖော်တယ်ဆိုတာ ကျမတို့လူထုကိုလည်း သူတို့ဖွင့်မပြောပြဘူး၊ လုပ်ကွက်တွေ တိုးတိုးလာတာနဲ့အမျှ မြေသိမ်းယာသိမ်းတွေရော၊ ကုမ္ပဏီတွေရော ဝင်လာတဲ့အတွက်ကြောင့်မို့ ဒေသခံတွေက အလုပ်အကိုင်ရှားပါးမှုတွေရော တော်တော်အခက်ခဲတွေ ကြုံရတယ်ပေါ့နော်”

ကယားပြည်နယ်မှာ အစိုးရနဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီတို့ အပစ်ခတ်ရပ်စဲရေး လက်မှတ်မထိုးခင်က သတ္တုတွင်းစီမံကိန်း ၃ ခုလောက်သာရှိခဲ့ပြီး အခုဆိုရင် စီမံကိန်း ၁၆ ခုထိ များလာတယ်လို့ ကြေညာချက် မှာ ဖော်ပြထားပါတယ်။

မော်ချီးနဲ့ ဖာဆောင်းမြို့နယ်တွေမှာ ခဲမဖြူ၊ အဖြိုက်နက်၊ ခနောက်စိမ်းနဲ့ ရွှေသတ္တုတူးဖော်တဲ့ စီမံကိန်းတွေပိုများလာတဲ့အတွက် ဒေသခံတိုင်းရင်းသားတွေ လုပ်ကိုင်စားသောက်ရာမှာ အခက်အခဲရှိလာသလို စီမံကိန်းတွေနဲ့ဆက်စပ်ပြီး အသိမ်းခံရတဲ့ လယ်ယာမြေဧကပေါင်း တစ်သိန်းကျော်လောက်ရှိတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org