အာဏာသိမ်းပြီးနောက် ကယားမှာ အရပ်သားလေးရာကျော် သတ်ဖြတ်ခံရ

စစ်အာဏာသိမ်းပြီးနောက် ကယား(ကရင်နီ)ပြည်နယ်မှာ အရပ်သားလေးရာကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က ထုတ်ပြန်ပါတယ်။

၂ဝ၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် မူကြိုကျောင်းတစ်ကျောင်းပေါ် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့သောကြောင့် သေဆုံးခဲ့ရသည့် ငါးနှစ်သမီးတစ်ဦး။ Karenni's Voice

စစ်အာဏာသိမ်းပြီးနောက် ကယား(ကရင်နီ)ပြည်နယ်မှာ အရပ်သားလေးရာကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း နိုင်ငံတကာတရားရုံးတွေမှာ သက်သေအဖြစ်တင်သွင်းနိုင်ဖို့ အချက်အလက်တွေကို ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က စာရင်းပြုစုနေတာဖြစ်ပါတယ်။

အာဏာသိမ်းတဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ ဒီနေ့အထိ ကယားပြည်နယ်မှာ တိုက်ပွဲတွေကြား နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည် နှစ်သိန်းသုံးသောင်းကျော် ရှိတယ်လို့လည်း ဆိုပါတယ်။

ကရင်နီလူမှုအသင်းအဖွဲ့ကွန်ရက် တာဝန်ခံ ခူးကိုရယ်က " ဘာသာရေးအဆောက်အအုံတွေ၊ အရပ်သားတွေရှိတဲ့နေရာတွေ၊ IDP စခန်းတွေအထိ လေကြောင်းတွေတိုက်ခိုက်တဲ့ ကြီးမားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေအများကြီးရှိတယ်။ တစ်နေ့နေ့ကျရင် ဒီအချက်အလက်တွေကနေ ဘယ်လိုများတရားပြန်စွဲနိုင်မလဲဆိုတဲ့အဆင့်အထိ ရောက်အောင်သွားဖို့တော့ ကျွန်တော်တို့ရှိတယ်" လို့ပြောပါတယ်။

ကယားပြည်နယ်တွင်း လတ်တလောတိုက်ပွဲတွေ ပြင်းထန်နေပေမဲ့ စစ်ကောင်စီကတော့ ကယားပြည်နယ်မှာ တိုက်ပွဲတွေမရှိတော့ဘဲ ဒေသခံတွေနေရပ်ပြန်နေပြီဖြစ်ကြောင်း သတင်းစာတွေမှာ မကြာခဏဖော်ပြလေ့ရှိပါတယ်။

အရပ်သားတွေသတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ မေးမြန်းဖို့ စစ်ကောင်စီ ကယားပြည်နယ်ပြောခွင့်ရသူဆီ RFA က ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ ဖြေဆိုတာ မရှိပါဘူး။

ကယားပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ နီးစပ်ရာတောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ ဒေသခံကိုးထောင်ကျော် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးနေရတယ်လို့ အကူအညီပေးနေသူတွေကပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org