နိုင်ငံခြားမှ ဝယ်ယူသည့် ပစ္စည်းများ အခွန်နှစ်ထပ် ကောက်ခံမည်

လာမယ့် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က စပြီး မြန်မာနိုင်ငံသားတွေ နိုင်ငံခြားက ဝယ်ယူခဲ့တဲ့ပစ္စည်း တွေအပေါ် နှစ်ထပ်ခွန် ကောက်ယူတော့မယ်လို့ စစ်အစိုးရ ပြည်တွင်းအခွန်များ ဦးစီးဌာနက ဒီဇင်ဘာ ဒုတိယပတ်က ထုတ်ပြန် ကြေညာပါတယ်။

ကြေညာချက်အရ နိုင်ငံခြားက ဝယ်ယူခဲ့တဲ့ ပစ္စည်းဟာ ကျပ်ငွေ သုံးသိန်းဖိုးထက် ကျော်လွန်ရင် အခွန်ဆောင်ပြီးသည် ဖြစ်စေ၊ မဆောင်ရသေးသည် ဖြစ်စေ ပြည်တွင်း အခွန်ဦးစီးဌာနကို ဝယ်ယူခွန် ၃ ဒဿမ ၅ ရာခိုင်နှုန်း ပေးဆောင်ရမယ်လို့ သိရပါတယ်။ နိုင်ငံခြားငွေနဲ့ ငွေပေးချေခဲ့ရင် နိုင်ငံခြားငွေ ပေးဆောင်ရမယ်လို့လည်း ဖော်ပြထားပါတယ်။

အခုလို စီးပွာေးရး ကျဆင်းနေတဲ့အချိန်မှာ နိုင်ငံခြားက သွင်းကုန်တွေအပေါ် အခွန်နှစ်ထပ် ကောက်တာဟာ ဆေးဝါးလို နိုင်ငံခြားက သွင်းလာတဲ့ ပစ္စည်းတွေ ဈေးကြီးလာစေနိုင်တာက လွဲပြီး ဘာအကျိုးမှ မရှိကြောင်း ပြည်တွင်း လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ပြည်တွင်း အခွန်ဦးစီးဌာနရဲ့ စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ တနှစ် ပျမ်းမျှငွေ ကျပ် ဘီလီယံ ၉၀၀ အခွန် ကောက်ခံရရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org