ဘိလပ်မြေစက်ရုံ သိမ်းမြေတွေပြန် ရဖို့ မွန်ပြည်နယ် တောင်သူတွေ ထပ်မံတောင်းဆို

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ မယ်ကရို နဲ့ ကော့ဒွန်း -ကော့ပနော့ကျေးရွာအနီးမှာ June ကုမ္ပဏီက တည်ဆောက်မယ့် ဘိလပ်မြေစက်ရုံကို ကန့်ကွက်ကြောင်းနဲ့ စက်ရုံဆောက်လုပ်ဖို့ သိမ်းယူထားတဲ့ လယ်မြေတွေ ပြန်လည်ရရှိဖို့ ဒေသခံတောင်သူ ၁၈၀၀ ကျော် က လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုအစိုးရထံ ဒီကနေ့ တင်ပြလိုက်ပါတယ်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ မယ်ကရိုနဲ့ ကော့ဒွန်း-ကော့ပနော့ကျေးရွာအနီးမှာ June ကုမ္ပဏီက တည်ဆောက် မယ့် ဘိလပ်မြေစက်ရုံကို ကန့်ကွက်ကြောင်းနဲ့ စက်ရုံဆောက်လုပ်ဖို့သိမ်းယူထားတဲ့ လယ်မြေတွေ ပြန်လည်ရရှိ ဖို့ ဒေသခံတောင်သူ ၁၈၀၀ ကျော်က လက်မှတ်ရေးထိုးပြီး ပြည်ထောင်စု အစိုးရထံ ဒီကနေ့ တင်ပြလိုက်ပါတယ်။

အရင်အစိုးရလက်ထက်ကတည်းက ၆ ကြိမ်တိုင်တိုင် တောင်းဆိုခဲ့ပေမယ့် ဖြေရှင်းပေးတာ မရှိတဲ့အတွက် အစိုးရသစ်လက်ထက်မှာ ထပ်မံပေးပို့တာဖြစ်တယ်လို့ မယ်ကရိုကျေးရွာသား ဦးရွှေဝင်း က ပြောပါတယ်။

"ကျနော်တို့က June ကုမ္ပဏီ ဘိလပ်မြေစက်ရုံကို လုံးဝသဘောမတူဘူး ဆိုတဲ့အကြောင်းရယ်၊ မူလလယ်ပိုင်ရှင် လယ်ယာပြန်လည်ရရှိဖို့အကြောင်းရယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဦးသိန်းစိန် အစိုးရလက်ထက်က ကျနော်တို့ ၆ ကြိမ် စာတင်ထားတဲ့အပေါ်မှာ ဘာတစ်ခုမှ ကျနော်တို့ ဒေသခံပြည်သူလူထုအပေါ်မှာ ပွင့်လင်းမြင်သာမှုမရှိဘဲနဲ့ ဒီအစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ် ဒေသခံလက်မှတ်တွေရော ပေါင်းစည်းပြီးတော့ ဒီနေ့တင်ပြီးပါပြီ"

မော်လမြိုင်မြို့က ဓမ္မလောကကျောင်းတိုက်မှာ ဒေသခံတောင်သူတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ပြည်ထောင်စုအစိုးရအပါအဝင် အစိုးရဌာနဆိုင်ရာ ၃၃ ဌာနကို တောင်သူတွေရဲ့ လက်မှတ်တွေ နဲ့ ပေးပို့လိုက်တာဖြစ်ပါတယ်။

မယ်ကရိုနဲ့ ကော့ဒွန်း-ကော့ပနော့ကျေးရွာတွေမှာ June ကုမ္ပဏီက သိမ်းယူထားတဲ့ လယ်မြေဧက ၁၄၀၀ ကျော်ရှိပြီး မယ်ကရိုကျေးရွာက လယ်မြေဧက ၇၀၀ ကျော် ပါဝင်နေတယ်လို့လည်း ဦးရွှေဝင်း က ပြောပါတယ်။

အဲ့ဒီလယ်မြေတွေကို ၂၀၁၀ ခုနှစ်ကစပြီး ကုမ္ပဏီက လယ်တစ်ဧကကို ငွေကျပ် ၅ သောင်းခွဲကနေ ၃ သိန်းခွဲ အထိ မြေယာလျော်ကြေးတွေ ပေးခဲ့ပြီး ဖြစ်ပါတယ်။

အခုအချိန်ထိ ဘိလပ်မြေစက်ရုံ တည်ဆောက်ခြင်းမရှိသေးဘဲ ဘိလပ်မြေစက်ရုံလည်ပတ်နိုင်ဖို့အတွက် ကျောက် မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မယ်လို့ သတင်းတွေထွက်ပေါ် နေတယ်လို့လည်း ဒေသ ခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org