သတင်းသမားတွေ သတ်ဖြတ်ခံရမှု အဆိုးဆုံးနိုင်ငံစာရင်းမှာ မြန်မာ သုံးနှစ်ဆက် ပါဝင်

သတင်းသမားတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ ရာဇဝတ်မှုတွေကနေ ပြစ်ဒဏ်ကင်းလွတ်နေတဲ့ အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ၂၀၂၄ ခုနှစ်အတွက် အဆင့် ၁၀ သတ်မှတ်ခံရပါတယ်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလက ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ သတင်းယူနေကြသည့် သတင်းထောက်တချို့ကို တွေ့ရစဉ်။

သတင်းသမားတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ ရာဇဝတ်မှုတွေကနေ ပြစ်ဒဏ်ကင်းလွတ်နေတဲ့ အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ၂၀၂၄ ခုနှစ်အတွက် အဆင့် ၁၀ သတ်မှတ်ခံရပါတယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ အခြေစိုက်သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က အောက်တိုဘာ ၃၀ ရက်နေ့ ထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ် ညွှန်းကိန်းအစီရင်ခံစာမှာ အခုလို ဖော်ပြထားတာပါ။

CPJ ရဲ့ သတင်းသမားတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ ရာဇဝတ်မှုတွေကနေ ပြစ်ဒဏ်ကင်းလွတ်နေတဲ့ အဆိုးဝါးဆုံး နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက ၂၀၂၂ ခုနှစ်မှာ ပထမဦးဆုံး ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ အဆင့် ၁၁ သတ်မှတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ ၂၀၂၃ ခုနှစ်မှာ အဆင့် ကိုးနဲ့ ဒီနှစ်မှာတော့ အဆင့် ၁၀ နေရာက သတ်မှတ်ခံရတာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်မှာ သတင်းသမားသုံးဦး ထပ်မံသတ်ဖြတ်ခံရပြီးနောက် မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလအတွင်း သတ်ဖြတ်ခံရတဲ့ သတင်းသမား ရှစ်ဦးအထိရှိလာပြီလို့ CPJ က ဖော်ပြထားပါတယ်။

လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာ သိမ်းချိန်ကစလို့ သတင်းသမား ၁၇၆ ဦး အဲဒီအထဲက သတင်းသမား ၅၂ ဦး ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org