လက်ဆောင်ပေးတဲ့သင်္ဘော စစ်ရေးအသုံးပြုမှု စစ်ကောင်စီကို ဂျပန်အစိုးရကန့်ကွက်

မြန်မာနိုင်ငံကို လှူဒါန်းခဲ့တဲ့ ခရီးသည်တင်သင်္ဘော သုံးစင်းကို စစ်ရေးစစ်ရာကိစ္စတွေမှာ သုံးစွဲခဲ့တဲ့အတွက် စစ်ကောင်စီကို ဂျပန်အစိုးရက ကန့်ကွက်လိုက်ပါတယ်။

ဂျပန်နိုင်ငံက လှူဒါန်းထားတဲ့ ကစ္ဆပနဒီ(၁) အမြန်ရေယာဉ်ကို တွေ့ရစဉ်။ RFA

မြန်မာနိုင်ငံကို လှူဒါန်းခဲ့တဲ့ ခရီးသည်တင်သင်္ဘော သုံးစင်းကို စစ်ရေးစစ်ရာကိစ္စတွေမှာ သုံးစွဲခဲ့တဲ့အတွက် စစ်ကောင်စီကို ဂျပန်အစိုးရက ကန့်ကွက်လိုက်ပါတယ်။

အဲဒီ သင်္ဘောတွေကို ဂျပန်အစိုးရက ODA ခေါ် ပင်လယ်ရပ်ခြားဖွံ့ဖြိုးရေးအစီအစဉ်အရ ၂ဝ၁၇ ခုနှစ်မှာ နှစ်စင်းနဲ့ ၂ဝ၁၉ ခုနှစ်မှာ တစ်စင်း ပေးပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံက အလုပ်သမားနဲ့ ကျောင်းသားကျောင်းသူတွေကို သယ်ယူပို့ဆောင်ရေးအတွက် ပေးပို့ခဲ့တဲ့ အဲဒီသင်္ဘောတွေအနက် ပထမ နှစ်စင်းက အဟောင်းတွေဖြစ်ပြီး နောက်တစ်စင်းက အသစ်ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက အဲဒီသင်္ဘောတွေကို ပြီးခဲ့တဲ့နွေရာသီအတွင်း ရခိုင်ပြည်နယ်မှာ စစ်သားတွေနဲ့ လက်နက်တွေ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုခဲ့ကြောင်း သိရှိခဲ့ရတဲ့အတွက် ဂျပန်အစိုးရက အခုလို ကန့်ကွက်လိုက်တာဖြစ်ပါတယ်။

အဲဒီသင်္ဘောတွေကို စစ်ရေးအတွက် ထပ်မံအသုံးပြုခြင်းမပြုဖို့ ဂျပန်အစိုးရက တောင်းဆိုခဲ့ရာမှာ စစ်ကောင်စီကလည်း သူတို့ထပ်မံအသုံးမပြုတော့ပါဘူးလို့ ဝန်ခံကတိပြုခဲ့တယ်လို့ တိုကျိုကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org