အကျဉ်းထောင် ပြုပြင်ရေး ဥပဒေမူကြမ်း လွှတ်တော်မှာ တင်ပြပေမဲ့ ဆက်လက် မဆွေးနွေး
အတိုက်အခံ ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ ပါတီသစ် ခေါင်းဆောင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းတဲ့ ၂၁ရာစုနဲ့ ညီညွတ်တဲ့၊ ဂုဏ်သိက္ခာကို အာမခံနိုင်တဲ့ အကျဉ်းထောင် အက်ဥပဒေသစ် မူကြမ်းကို ပြည်သူ့ လွှတ်တော်မှာ မနေ့က ဆွေးနွေးခဲ့ပါတယ်။
-
2011-08-30 -
-
-
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အနီးရှိ နာမည်ဆိုးဖြင့် ကမႝာကျော်သော အင်းစိန်ထောင် ဖြစ်ပါသည်။ (Photo:RFA/Tyler Chapman)
(Photo:RFA/Tyler Chapman)
ဒါပေမယ့် လက်ရှိအစိုးရ ပြည်ထဲရေး ဝန်ကြီးဌာနကလည်း အကျဉ်းထောင် ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အဆို တင်သွင်းဖို့ ရှိတာကြောင့် ပြည်သူလွှတ်တော်
ဥက္ကဌ သူရဦးရွှေမန်းက ဦးသိန်းညွန့် တင်သွင်းတဲ့ အဆိုကို ဆက်လက် ဆွေးနွေးရန် မလိုကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
ဒါနဲ့ ပတ်သက်လို့ လွှတ်တော် အမတ် ဦးသိန်းညွန့် က ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ အဆိုကို လွှတ်တော်မှာ တင်ပြတဲ့အခါ သူ့အမြင် ကိုယ့်အမြင် တင်ပြခွင့် ရမှာမို့
မိမိအနေနဲ့ ကျေနပ်ကြောင်း၊ ဝိုင်းဝန်း ဆွေးနွေးကြမှာ ဖြစ်တဲ့အတွက် ပိုပြီး ပြည့်စုံတဲ့ ဥပဒေ မူကြမ်းတရပ် ပေါ်ပေါက် လာနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ ပြည်ထဲရေး ဝန်ကြီးဌာနက တင်သွင်းမယ့် အကျဉ်းထောင် ဥပဒေ ပြင်ဆင်ရေး ဥပဒေ မူကြမ်း အသေးစိတ်ကို လွှတ်တော် အမတ်တွေ မသိရှိ ရသေးဘူးလို့
ဦးသိန်းညွန့်က ပြောပါတယ်။
မနေ့က ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ၁၉၅၀ ခုနှစ်က ပြဌာန်းခဲ့တဲ့ နိုင်ငံတော် အရေးပေါ် အခြေအနေ အက်ဥပဒေ ရုပ်သိမ်းရေး အဆိုကို
ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။
ဒီအကြောင်း အသေးစိတ်နဲ့ ပတ်သက်ပြီး မအင်ကြင်းနိုင်က လွှတ်တော်အမတ် ဦးသိန်းညွန့်ကို ဆက်သွယ် မေးမြန်းခဲ့ ပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |