ထောင်တွင်းအကြမ်းဖက်ခံရမှု ၂၄ နှစ်မြောက် ကျင်းပ
၁၉၉၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို အကောင် အထည်ဖေါ်ပေးဖို့ အဲဒီအချိန် ၁၉၉၀ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့မှာ အင်းစိန်ထောင်ကနိုင်ငံရေးအကျဉ်းသားတွေ ရဲ့တောင်းဆိုလို့ အကြမ်းဖက်ဖြိုခွင်းခံရတဲ့ ၂၄ နှစ်မြောက် အဖြစ် ကိုယ်တိုင်ပါဝင်ခဲ့သူတွေရဲ့ရှင်းလင်းပွဲတရပ်ကို ရန်ကုန်မြို့ မဂ္ဂင်ကျောင်းတိုက်မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
-
2014-09-25 -
-
-
Your browser doesn’t support HTML5 audio
၁၉၉၀ အထွေထွေရွေးကောက်ပွဲရလာဒ်ကို အကောင်အထည်ဖေါ်ပေးဖို့ အဲ့ဒီအချိန် ၁၉၉၀ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့မှာ အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသားတွေရဲ့တောင်းဆိုလို့ အကြမ်း ဖက်ဖြိုခွင်းခံရတဲ့ ၂၄ နှစ်မြောက်အဖြစ် ကိုယ်တိုင် ပါဝင်ခဲ့သူတွေရဲ့ ရှင်းလင်းပွဲတစ်ရပ်ကို ရန်ကုန်မြို့ မဂ္ဂင်ကျောင်းတိုက်မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
ဒီရှင်းလင်းပွဲပြုလုပ်ရတဲ့အကြောင်းကို နိုင်ငံရေး အကျဉ်းသားဟောင်း ကိုညိုထွန်းက RFA ကိုအခု လိုပြောပါတယ်။
"သဘောထားအမျိုးမျိုးကတော့ ပြောကြတာပေါ့၊ ဥပမာ ကိုမင်းဇေယျ သဘောထားဆိုလို့ရှိရင် အဲ့ဒီလူတွေကိုပြန်ဖော်ထုတ်ပြီးလို့ရှိရင် ဝန်ခံသင့်တယ်ပေါ့ဗျာ၊ ပြန်တရားစွဲမယ်ဆိုတဲ့အမြင်မျိုး သူကတော့ရှိတယ်၊ ကျနော့် အမြင်အရတော့ ဒီလိုမျိုးကွဲလွဲတယ်ဆိုတာ ပြန်ပြီးလက်စားချေလိုမှှု မဟုတ်ဘူး၊ သမိုင်းမှတ်တမ်းတစ်ခုမှာ တကယ်ရှိခဲ့တယ်ဆိုတာကို ပြည်သူလူထုသိစေချင် လို့ နောက်ပြီးတော့ အခုထောင်အာဏာပိုင်တွေ၊ လက်ရှိအုပ်ချုပ်ရေးအာဏာပိုင်တွေ ဒီလိုမျိုး မကျူးလွန်မိအောင် သတိထားမိအောင်လုပ်တဲ့ရည်ရွယ်ချက်ပါပဲ၊ ကျနော်ကတော့ အဲ့သဘော ရှိပါတယ်"
နိုင်ငံရေးအကျဉ်းသားတွေက ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေကို အာဏာ လွှဲပေးဖို့၊ ပြည်သူ ့လွှတ်တော်ခေါ်ယူကျင်းပပေးဖို့နဲ့ ဒီမိုကရေစီရရှိရေးတောင်းဆိုခဲ့ကြပါတယ်။
အဲ့ဒီလှုပ်ရှားမှုမှာ ထင်ရှားတဲ့ NLD ခေါင်းဆောင်တွေဖြစ်ကြတဲ့ စာရေးဆရာ မောင်သော်က၊ စာရေး ဆရာ ဦးမိုးသူ၊ ဒေါက်တာ တင်မျိုးဝင်းတို့ ပါဝင်ကြပြီး သူတို့လည်းအနှိပ်စက်ခံခဲ့ရသလို၊ အခြား ကျောင်း သားခေါင်းဆောင်တွေလည်း ရိုက်နှက်ဖြိုခွဲခံရပြီး နယ်ထောင်တွေကိုပြောင်းရွှေ့ ခံလိုက်ရပါတယ်။
အဲ့ဒီဖြစ်ရပ်အကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။