အင်ဒိုနီးရှားက မြန်မာပြည်ကို ရထားတွဲ ၆ဝဝ ပို့ပေးကူညီမယ်

အင်ဒိုနီးရှားအစိုးရက သူတို့နိုင်ငံမှာ လုံးဝအသုံးမပြုရသေးတဲ့ လူစီးရထားတွဲ ၆ဝဝ ခန့်ကို မြန်မာပြည်မှာသုံးဖို့ တင်ပို့မှာဖြစ်ကြောင်း မနေ့က ကြေညာခဲ့ပါတယ်။

ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ ရထားတစ်စင်းကို တွေ့ရစဉ်

အင်ဒိုနီးရှားအစိုးရက သူတို့နိုင်ငံမှာ လုံးဝအသုံးမပြုရသေးတဲ့ လူစီးရထားတွဲ ၆ဝဝ ခန့်ကို မြန်မာပြည်မှာသုံးဖို့ တင်ပို့မှာဖြစ်ကြောင်း မနေ့က ကြေညာခဲ့ပါတယ်။

အဲဒီရထားတွဲတွေဟာ အနှစ် ၂ဝ လောက် သက်တမ်းရှိပြီဖြစ်လို့  သူတို့နိုင်ငံမှာ အသုံးမဝင်တော့ပေ မယ့် မြန်မာပြည် ရထားပို့ဆောင်ရေးကဏ္ဏ တိုးတက်ရေးအတွက် အထောက်အကူပြုမှာဖြစ်ကြောင်း အင်ဒိုနီးရှားအစိုးရပိုင် ရထားပို့ဆောင်ရေးကုမ္ပဏီ PTKAI ညွန်ကြားရေးမှူးက ပြောပါတယ်။

မြန်မာပြည်က လက်ရှိရထားပို့ဆောင်ရေးကဏ္ဏ ညံ့ဖျင်းလွန်းတဲ့အတွက် ရထားတွေဟာ တနာရီကို ကီလိုမီတာ ၃ဝ လောက်ပဲ ခုတ်မောင်းနိုင်ကြောင်း၊ ဒါပေမဲ့ အင်ဒိုနီးရှားက အခုတင်ပို့မယ့် ရထားတွဲတွေနဲ့ဆိုရင် အရှိန် ၂ ဆတိုးပြီး တနာရီကို ကီလို ၆ဝ ခန့်ထိ ပြေးဆွဲနိုင်မှာဖြစ်ကြောင်း၊ မြန်မာပြည်ကို မပို့ခင် ပြန်လည်မွမ်းမံပေး မှာဖြစ်ကြောင်း စသဖြင့် ဂျကာတာမြို့မှာ ကျင်းပတဲ့ အရှေ့တောင်အာရှ ရထားပို့ဆောင်ရေး ညီလာခံမှာ အင်ဒိုနီးရှား အရာရှိက  ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org