အိန္ဒိယ မြန်မာနယ်စပ်မှာ ဖောက်ခွဲရေးပစ္စည်း အမြောက်အများ ဖမ်းမိ

မြန်မာနိုင်ငံနဲ့ကပ်ရက် အိန္ဒိယနိုင်ငံနယ်စပ်က မီဇိုရမ်ပြည်နယ်ထဲမှာ ဖောက်ခွဲရေး စစ်လက်နက်ပစ္စည်းတွေ အမြောက်အများ သောကြာနေ့တုန်းက ဖမ်းဆီးရမိတယ် လို့ အာသံရိုင်ဖယ်တပ်ဖွဲ့က စနေနေ့မှာ ပြောတဲ့အကြောင်း India Today သတင်းမှာ ဖော်ပြထားပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်မှာ ဖမ်းဆီးရမိတဲ့ ဖောက်ခွဲရေးသုံး ပစ္စည်းများကို တွေ့ရစဉ် Photo: CJ

မြန်မာနိုင်ငံနဲ့ကပ်လျက် အိန္ဒိယနိုင်ငံနယ်စပ်က မီဇိုရမ်ပြည်နယ်ထဲမှာ ဖောက်ခွဲရေး စစ်လက်နက် ပစ္စည်းတွေ အမြောက်အများ သောကြာနေ့တုန်းက ဖမ်းဆီးရမိတယ်လို့ အာသံရိုင်ဖယ်တပ်ဖွဲ့က စနေနေ့မှာပြောတဲ့ အကြောင်း India Today သတင်းမှာ ဖော်ပြထားပါတယ်။

အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ မီဇိုရမ် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး မြန်မာပြည်နယ်စပ်နဲ့ ကပ်နေတဲ့ Siaha ခရိုင်အတွင်းမှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ ဖောက်ခွဲရေးသုံး ယမ်းတောင့်တွေ ၃၉၅ ကီလိုဂရမ်၊ ဖောက်ခွဲရေးအရည် ၈၁ကီလိုဂရမ်၊ ဆက်သွယ်ရေး ပစ္စည်းတွေနဲ့ တခြားဖောက်ခွဲရေးပစ္စည်းတွေ အများအပြား ဖမ်းဆီးမိခဲ့ပြီး ဒါတွေကို ရဲတပ်ဖွဲ့ လက်ကို လွှဲအပ်ခဲ့တယ်လို့ဆိုပါတယ်။

လက်နက်မှောင်ခို အရောင်းအဝယ်ကိစ္စတွေဟာ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်မှာ အဓိက စိုးရိမ်ရတဲ့ ကိစ္စတစ်ခု ဖြစ်နေတယ်လို့လည်း India Today သတင်းမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org