မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို IMF ချီးကျူး

မကြာသေးခင် လပိုင်းတွေမှာ ပေါ်ထွက်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ချီးကျူးပြီး စီးပွားရေး ပိုမိုတည်ငြိမ်လာအောင် ပြုပြင်ပြောင်းလဲမှုတွေ ရှေ့ဆက် ပိုမို လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်း IMF ခေါ် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ မနေ့ကထုတ်ပြန်တဲ့ မြန်မာနိုင်ငံအပေါ်သုံးသပ်ချက်မှာ တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ မီရာလ် ကာရာဆူလူ (Meral Karasulu) IMF website

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ မတ်လမှာ ကုန်ဆုံးမယ့် လက်ရှိ ဘဏ္ဍာရေးနှစ်မှာ ၅.၅ ရာခိုင်နှုန်းအထိ တိုးတက် လာနိုင်ဖွယ်ရှိပြီး လာမယ့် ဘဏ္ဍာရေးနှစ်မှာ ၆.၀ ရာခိုင်နှုန်းအထိ တက်လာ နိုင်ဖွယ်ရှိတယ်လို့ IMF သုံးသပ်ချက်မှာ ဆိုပါတယ်။

ဒါပေမယ့် နိုင်ငံတော်ရဲ့စီးပွားရေးတည်ငြိမ်ဖို့ ရှုပ်ထွေးနေတဲ့ ငွေကြေးလဲလှယ်မှုစနစ်ကို ပြုပြင်ပြောင်းလဲဖို့ဟာ အဓိကကျမှာဖြစ်ကြောင်း၊ အဲဒါနဲ့ ဆက်နွယ်နေတဲ့ စီမံခန့်ခွဲရေးကအစ တခြားပြုပြင် ပြောင်းလဲမှုတွေ လုပ်သွားဖို့ လိုအပ်မှာဖြစ်ကြောင်း IMF က ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ အစိုးရသစ်ဟာ ဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ်နဲ့ လူနေမှု အဆင့်အတန်း မြှင့်တင်နိုင်ဖို့ သမိုင်းဝင် အခွင့်အရေးကြီးတစ်ခုကို ရရှိနေတာဖြစ်တယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ IMF အကြီးအကဲ မီရာလ် ကာရာဆူလူ (Meral Karasulu) က ပြောပါတယ်။

“ပေါများတဲ့ သယံဇာတပစ္စည်းတွေ၊ နုပျို အားကောင်းတဲ့ လုပ်သားထုတေ ွရှိနေပြီး စီးပွားရေး အင်အားကြီးနိုင်ငံတွေနဲ့ နီးစပ်မှုကို မိမိအကျိုးအတွက် အသုံးပြုနိုင်မယ်ဆိုရင် မြန်မာနိုင်ငံဟာ အာရှရဲ့ စီးပွားရေး အလားအလာ အကောင်းဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်တယ်”လို့လည်း သူက ပြောသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org