သစ်ခိုးထုတ်သူတွေနဲ့ မွန်ပြည်သစ် အပြန်အလှန်ပစ်ခတ်မှုဖြစ်

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေမှာ သစ်ခိုးထုတ်သူတွေနဲ့ မွန်ပြည်သစ်ပါတီအဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပေမယ့် ဘယ်အဖွဲ့အစည်းကဖြစ်တယ်ဆိုတာ စုံစမ်းလို့မရသေးဘူးလို့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ဝင်းလှက ဒီနေ့ ပြောပါတယ်။

မွန်ပြည်သစ်ပါတီက တပ်ဖွဲ့ဝင်တွေ စစ်ရေးပြနေတာကို တွေ့ရစဉ်

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေမှာ သစ်ခိုးထုတ်သူတွေနဲ့ မွန်ပြည်သစ်ပါတီအဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပေမယ့် ဘယ်အဖွဲ့အစည်းကဖြစ် တယ်ဆိုတာ စုံစမ်းလို့မရသေးဘူးလို့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ဝင်းလှက ဒီနေ့ ပြောပါတယ်။

သစ်ခိုးထုတ်သူတွေဟာ ၆ ဦးလောက်က စတင်ပစ်ခတ်တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ နိုင်ဝင်းလှက ပြောပါတယ်။

"သစ်ခိုးထုတ်တဲ့အဖွဲ့ မာန်အောင်ရွာဘက်ကလေ အဲဒီဘက်မှာလည်း သူတို့ကလူက သိပ်မများဘူး၊ ကျနော်တို့ အဖွဲ့တွေပြောတာတော့ ၆ ဦးလောက်ပဲပါတယ်တဲ့၊ ကျနော်တို့ ဆွေးနွေးဖို့ခေါ်တော့ သူတို့မလာဘူး၊ မလာတဲ့ အပြင်ကို စပစ်တော့ ကျနော်တို့ ပြန်ပစ်ရတယ်၊ သူတို့အရင်ပစ်တယ်ပေါ့၊ ကျနော်တို့ဘက်ကပြောတယ် လက်နက်ကတော့ ရှာရလွယ်တယ်လေနော်၊ တောနယ်ဘက်ကျတော့ တရားမဝင်ကိုင်တယ်ပြုတာလည်း ရှိမှာပေါ့၊ ဖမ်းဆီးတာတော့ တစ်ယောက်တော့ သတင်းအရလေ တစ်ယောက်က အရပ်သားပဲ၊ သစ်သယ်သမားပဲ၊ ရွာသားပဲလေ သစ်တွေသယ်ဖို့လေ"

သစ်ခိုးထုတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တချို့နဲ့ အစိုးရတာဝန်ရှိသူတွေ ရေးမြို့မှာ ဒီနေ့ တွေ့ဆုံနေကြာင်း လက်ရှိအခြေအနေမှာ ဆွေးနွေးမှုရလဒ်တွေကို မသိရသေးကြောင်း ပြောပါတယ်။

သစ်ခိုးထုတ်မှုကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းက KNU နဲ့ မွန်ပြည်သစ်ပါတီတို့ တိုက်ပွဲဖြစ်ပွားတဲ့အကြောင်း လူမှု ကွန်ယက်တွေမှာ ပျံ့နှံ့လာတာတွေရှိပေမယ့် သစ်ခိုးထုတ်တဲ့အဖွဲ့ဟာ ဘယ်အဖွဲ့အစည်းကဆိုတာ သေချာ မသိရသေးဘူးလို့ နိုင်ဝင်းလှက ပြောပါတယ်။

ဒီတစ်ကြိမ် သစ်ခိုးထုတ်တဲ့သူတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်းတစ်ခေါက် လာထုတ်ယူဖူးသူတွေ ဖြစ်နိုင်ကြောင်း သစ်ခိုးထုတ်သူတွေဟာ မာန်အောင်ဘက်ကဖြစ်ပြီး အရင်တစ်ခါမှာလည်း KNU ဘက်ကို မေးမြန်းခဲ့ပေမယ့် သူတို့နဲ့ မသက်ဆိုင်ကြောင်းပြောတယ်လို့ ပြောပါတယ်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအနီးတစ်ဝိုက် သစ်တောဧရိယာတွေအတွင်းမှာ သစ်ထုတ်လုပ်မှု ပိတ်ပင်တားမြစ်ထားတာဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက ဖြစ်တယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org