ကလေးဝမြို့နယ်မှာ ခွင့်ပြုချက် မရှိဘဲ ကျောက်မီးသွေးတူးဖော်နေ တဲ့ ကုမ္ပဏီကို စစ်ဆေးတေ့ွရှိ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် မှာ တူးဖော်ခွင့်လိုင်စင်မရှိဘဲ ကျောက် မီးသွေးတူးဖော်နေတဲ့ ကုမ္ပဏီတစ်ခုကို စစ်ဆေးတွေ့ရှိခဲ့ တယ်လို့ တိုင်းဒေသကြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောပါတယ်။
-
2017-02-27 -
-
-
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်မှာ တူးဖော်ခွင့်လိုင်စင်မရှိဘဲ ကျောက်မီးသွေးတူးဖော်နေတဲ့ ကုမ္ပဏီတစ်ခုကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောပါတယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့မှာ ရှိတဲ့စာရင်းတွေအရ Mandalay Mining ကုမ္ပဏီဟာ စမ်းသပ်ခွင့်သာ ရရှိထားတာဖြစ် ပြီး အခုကျောက်မီးသွေး တူးဖော်နေတဲ့အဆင့်ကို တွေ့ရှိရတဲ့အတွက် ကုမ္ပဏီကို လာရောက်ဖြေရှင်းဖို့ အကြောင်း ကြားထားတယ်လို့ ဝန်ကြီး ဦးစိုးဦး က ပြောပါတယ်။
"ကျနော်တို့ ဝင်ရောက်စစ်ဆေးတဲ့အခါမှာ ကျနော်တို့ရှိတဲ့ စာရင်းအရ စမ်းသပ်ခွင့်ပြုထားတဲ့ အနေထားမှာပဲ ရှိသေးတယ်။ အဲ့ဒီမှာ သွားစစ်တဲ့ အခါမှာ သူတို့ဆီမှာ တာဝန်ခံပေါ့ စာရွက်စာတန်းနဲ့ ရှင်းပြမယ့်သူက မရှိတော့ စမ်းသပ်ခွင့်နဲ့ကျော်လား မကျော်လားဆိုတာကို ကုမ္ပဏီတွေကို ချိတ်ဆက်ထားတယ်။ သူတို့လာရှင်းပြလိမ့်မယ်။ အခုချိန်ထိ ကျနော်တို့ မနေ့ညကမှ ပြန်ရောက်တာဆိုတော့ ကုမ္ပဏီရဲ့ တာဝန်ခံတွေနဲ့ မတွေ့ရသေးဘူးဗျ။ စမ်းသပ်ခွင့်ပြုတဲ့ လိုင်စင်ဆိုလို့ရှိရင် စမ်းသပ်ရုံပဲ စမ်းသပ်ရတာ။ ထုတ်လုပ်လို့မရဘူးလေ။ ထုတ်လုပ်ခွင့်လိုင်စင်ရှိ မှ သူတို့က ထုတ်လုပ်ရမှာ ။ စမ်းသပ်ခွင့်လိုင်စင်နဲ့ ထုတ်လုပ်ရင် လုံး၀ ဥပဒေနဲ့ ညီညွတ်မှု မရှိဘူးပေါ့လေ။"
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး၊ ခရိုင်သစ်တောဌာန၊ သတ္တုဌာနက တာဝန်ရှိသူတွေနဲ့ ကလေးဝမြို့နယ်အတွင်း က ကျောက်မီးသွေး သတ္တုမိုင်း ၃ ခုကို သွားရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။
အဲဒီကုမ္ပဏီရဲ့ သတ္တုမိုင်းအတွင်းမှာ သစ်တွေစုပုံထားတာ တွေ့ရတဲ့အတွက် သစ်တောဌာနကလည်း သစ်တော ဥပဒေနဲ့ အရေးယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ကျန်တဲ့ သတ္တုမိုင်း ၂ခုမှာ သတ္တုတူးဖော်ပြီးတဲ့နောက် မြေပြင်ပြန်ညှိဖို့၊ သစ်ပင်စိုက်ပျိုးဖို့ စတဲ့ စည်းကမ်းချက်တွေကို လိုက်နာတာတွေ မရှိတဲ့အတွက် သတိပေးခဲ့တယ်လို့ ပြောပါတယ်။