လူ့အခွင့်အရေးသမားတွေ ခြိမ်းခြောက်ခံနေရဆဲ

မြန်မာနိုင်ငံမှာ ၂ဝ၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် အစိုးရတက်လာချိန်က စပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ စတင် လာခဲ့ပေမယ့် လူ့အခွင့်အရေးမြှင့်တင်ဖို့ လှုပ်ရှားဆောင် ရွက်နေကြသူတွေအပေါ် ခြိမ်းခြောက်မှုတွေ ရှိနေဆဲပဲလို့ အသစ်ထွက်ရှိလာတဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြ ထားပါတယ်။

မြန်မာနိုင်ငံမှာ ၂ဝ၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် အစိုးရတက်လာချိန်ကစပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ စတင်လာခဲ့ပေမယ့် လူ့အခွင့်အရေးမြှင့်တင်ဖို့ လှုပ်ရှားဆောင်ရွက်နေကြသူတွေအပေါ် ခြိမ်းခြောက်မှုတွေ ရှိနေဆဲပဲလို့ အသစ်ထွက်ရှိလာတဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။

Burma Partnership အဖွဲ့နဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကြာသပတေးနေ့က ပူးတွဲထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

မြန်မာပြည်တွင်းက လူ့အခွင့်အရေး ကာကွယ်ကူညီနေကြသူတွေအပေါ် အကြမ်းဖက်တာ၊ လိင်ပိုင်းဆိုင်ရာ နှောက် ယှက်တာ၊ ဖမ်းဆီးတာ၊ အင်တာနက်ကတဆင့် ခြိမ်းခြောက်တာတွေ ရှိနေဆဲဖြစ်ပြီး၊ တချို့ ကိစ္စတွေမှာ အစိုးရ ပါဝင်ပတ်သက်နေတယ်လို့ ယုံကြည်ရကြောင်း အစီရင်ခံစာက ဆိုပါတယ်။

ဒီအစီရင်ခံစာကို ၂ဝ၁၄ နိုဝင်ဘာလကနေ ဒီနှစ် မတ်လအထိ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက တက်ကြွ လှုပ်ရှားသူ ၇၅ ဦးကို တွေ့ဆုံမေးမြန်းချက်၊ သတင်းထောက်တွေနဲ့ ကျောင်းသား ကျောင်းသူတွေဆီက အချက်အလက် စာရင်းဇယားတွေအပေါ်အခြေခံပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မေးခွန်းတွေ ဖြေဆိုခဲ့ကြတဲ့ အမျိုးသမီးတဝက်နီးပါးက ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက် နှောက်ယှက် တာတွေ ကြုံတွေ့ခဲ့ကြရပြီး၊ ကျောင်းသားအဖွဲ့တွေမှာလည်း လူကိုယ်တိုင်၊ ဒါမှမဟုတ် အင်တာနက် လူမှုကွန်ရက် ကတဆင့် ခြိမ်းခြောက်ခံခဲ့ကြရတယ်လို့ သိရပါတယ်။

ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ချက်ခြင်းလက်ငင်း တုံ့ပြန်ပြောဆိုစရာမရှိကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောဆိုခဲ့တယ်လို့ AP သတင်းက ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org