လူ့အခွင့်အရေး ချိုးဖောက်မှု စုံစမ်းရေး လူ့အခွင့်အရေး အဖွဲ့တွေ ဆွေးနွေး

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ကုလသမဂ္ဂက ကော်မရှင်တရပ်ဖွဲ့ စုံစမ်းရေးကို ဥရောပ သမဂ္ဂ နိုင်ငံများအဖွဲ့ (အီးယူ)က အရေးတကြီး ထောက်ခံသင့်ကြောင်း ဥရောပအခြေစိုက် လူ့အခွင့် အရေး အဖွဲ့အစည်းတွေရဲ့ ဆွေးနွေးပွဲ တရပ်ကို ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဒီကနေ့ ကျင်းပပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် မတ်လ ၂၁ ရက်က ၁၆ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေး ကျင်းပနေပုံ ဖြစ်သည်။ (UN Photo/Jean-Marc Ferré) UN Photo/Jean-Marc Ferré

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ၂၀၁၁ ခုနှစ် နှစ်ကုန်မှာ ဆုံးဖြတ်မယ့် ကုလသမဂ္ဂ ဆုံးဖြတ်ချက် မူကြမ်း အပါအဝင် ကမ္ဘာတလွှားက လူ့အခွင့်အရေး အခြေအနေ တွေနဲ့ ဥရောပသမဂ္ဂ မုူဝါဒတွေကို ဥရောပ ကောင်စီရဲ့ လူ့အခွင့်အရေး လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်တွေက ဆွေးနွေးမယ့် အချိန်နဲ့ တိုက်ဆိုင်ပြီး ဒီပွဲကို ကျင်းပတာလည်း ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ အခမ်းအနားမှူး အဖြစ် ဆောင်ရွက်တဲ့ နိုင်ငံတကာ ရှေ့နေများအသင်း လူ့အခွင့်အရေး သိပ္ပံက ရှာလေ ပူးဂျော့ (Shirley Pouget) က မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ စုံစမ်းရေး ကော်မရှင်ဖွဲ့ရေး နည်းပညာဆိုင်ရာ တွေကို ဆွေးနွေးမယ်လို့ RFA ကို ပြောပါတယ်။

“ဒီပွဲမှာ စုံစမ်းရေး ကော်မရှင် ကိစ္စ၊ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေ ကိစ္စတွေကို ဆွေးနွေး ပါမယ်၊ နောက် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး တောင်းဆိုချက်တွေ အကြောင်း ဆွေးနွေးပြီး အခွင့်အရေး ချိုးဖောက်ခံ ရသူတွေကို ဥပဒေကြောင်းအရ ဘယ်လိုပြန်ပြီး ကျေနပ်အောင် ဖြေရှင်းပေး နိုင်မလဲ ဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးပါမယ်” လို့ ပြောပါတယ်။

ဒီဆွေးနွေးပွဲ အပြီးမှာ ဖိတ်ကြားထားတဲ့ ဘရပ်ဆဲလ်မြို့ကို ရောက်နေပြီဖြစ်တဲ့ ဥရောပသမဂ္ဂ အီးယူ သံတမန် တွေနဲ့ တွေ့ဆုံ စကားပြောဖို့ ရှိတယ်လို့လည်း မစ္စပူးဂျော့က ပြောပါတယ်။

ဒီပွဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Quintana က အင်တာနက် ဗီဒီယိုက တဆင့် ဆွေးနွေးမှာ ဖြစ်ပြီး ဘရပ်ဆဲလ်မြို့ အခြေစိုက် Open Society Institute၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဖယ်ဒရေးရှင်း IFHR၊ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW ၊ ဗြိတိန်အခြေစိုက် Burma Campaign UK နဲ့ မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီတို့က ကိုယ်စားလှယ် တွေက တက်ရောက် ဆွေးနွေး မယ်လို့ သိရပါတယ်။

ဒီအကြောင်း တက်ရောက် ဆွေးနွေးသူ တချို့နဲ့ ဆက်သွယ်ပြီး ဦးကျော်မင်းထွန်းက စုစည်း တင်ပြ ပေးထား ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org