နိုင်ငံ့ခေါင်းဆောင်တွေရဲ့ နှစ်သစ် ကူး မိန့်ခွန်း

၂၀၁၇ ခုနှစ်အတွင်း ပြည်တွင်းငြိမ်း ချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကိုအခြေခံ တဲ့ ပြည်ထောင် စုဖြစ်ပေါ်ရေး၊ ပြည်သူတွေရဲ့ လူနေမှု ဘဝတွေ တိုးတက်မြင့်မားရေး အတွက် ဆက်လက်ကြိုးပမ်း သွားမယ်လို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ပြောပါ တယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ၂၀၁၇ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကားပြောကြားနေစဉ် Photo: Myanmar President Office

၂၀၁၇ ခုနှစ်အတွင်း ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုဖြစ်ပေါ်ရေး၊ ပြည်သူတွေရဲ့ လူနေမှုဘဝတွေ တိုးတက်မြင့်မားရေးအတွက် ဆက်လက် ကြိုးပမ်းသွားမယ်လို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြည်သူတွေကို နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားရာမှာ ပြောခဲ့ တာဖြစ်ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံကို အစပြုပြီး တိုင်းရင်းသားပြည်သူတွေ လိုလားတောင့်တတဲ့ ဒီမိုကရေစီ ဖက်ဒ ရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ဒီမိုကရေစီနိုင်ငံကို အများပြည်သူရဲ့ ပူးပေါင်းပါဝင်မှုနဲ့သာ အောင်မြင်အောင် တည်ဆောက်နိုင်မှာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

ဒုတိယသမ္မတ ဦးမြင့်ဆွေကလည်း နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားရာမှာ ငြိမ်းချမ်းရေး အမြန်ရရှိ ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွေကို တိုင်းရင်းသားပြည်သူအားလုံး မျှမျှတတခံစားနိုင်ဖို့ ဆုတောင်းခဲ့ပါတယ်။

ဒုတိယသမ္မတ ၂ ဖြစ်တဲ့ ဦးဟင်နရီဗန်ထီးယူက နှစ်သစ်မှာ နိုင်ငံတော်ဖံ့ွဖြိုးတိုးတက်ဖို့အတွက် အလား အလာကောင်းတွေ သယ်ဆောင်လာမှာဖြစ်သလို စိန်ခေါ်မှုတွေကိုလည်း မျှော်လင့်ထားရဦးမှာဖြစ်တယ်လို့ နှစ်သစ်နှုတ်ခွန်းဆက်စကားပြောခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၁၆ ခုနှစ်ဟာ ထူးခြားတဲ့ဖြစ်စဉ်ဖြစ် ရပ်တွေနဲ့ ကျော်လွှားခဲ့ရကြောင်း၊ အစိုးရသစ် တာဝန်ယူခဲ့တဲ့နှစ်ဖြစ်ပြီး အဲဒီလိုဖြစ်အောင် လုပ်ငန်းစဉ်မှာ တပ်မတော်က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ပြောပါတယ်။ ဒါ့အပြင် ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် ထိခိုက်တာတွေကို တပ်မတော်က တည်ငြိမ်အေးချမ်းမှုရှိအောင် ထိန်းသိမ်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်မှာလည်း နိုင်ငံတော်တည်ငြိမ်အေး ချမ်းရေး ဖံ့ွဖြိုးတိုးတက်ရေး နဲ့ ပြည်ထောင်စုနိုင်ငံကြီး ပေါ်ထွန်းရေးအတွက် တပ်မတော်က ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

တပ်မတော်ဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်သူလူထုအသက်အိုးအိမ် စည်းစိမ်နဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေး၊ နိုင်ငံတော်အစိုးရရဲ့ လုပ်ငန်းတာဝန် အရပ်ရပ်ကို ထိပါးလာမှုတွေကို ကာကွယ်ပေးဖို့ တာဝန်ရှိကြောင်းလည်း ပြောကြားထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org