တိုက်ပွဲတွေရပ်ဆိုင်းဖို့ သီပေါမြို့က ဒုက္ခသည်တွေ လက်မှတ်ထိုးတောင်းဆို
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ဆီတောကျေးရွာအုပ်စုက စစ်ဘေးဒုက္ခသည် ၃ ထောင်ကျော်ဟာ ရှမ်းလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ရဲ့ တိုက်ပွဲတွေကို အမြန်ဆုံးရပ်ပေးဖို့ နှစ်ဘက်ခေါင်းဆောင်တွေကို လက်မှတ်ရေးထိုးတောင်းဆိုလိုက်ပါတယ်။
-
2019-01-26 -
-
-
Your browser doesn’t support HTML5 audio
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ဆီတောကျေးရွာအုပ်စုက စစ်ဘေးဒုက္ခသည် ၃ ထောင်ကျော်ဟာ ရှမ်းလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ရဲ့ တိုက်ပွဲတွေကို အမြန်ဆုံးရပ်ပေးဖို့ နှစ်ဘက်ခေါင်းဆောင်တွေကို လက်မှတ်ရေးထိုးတောင်းဆိုလိုက်ပါတယ်။
သီပေါမြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးနေရတဲ့အတွက် နှစ်ဘက်ခေါင်းဆောင်တွေ တေ့ွဆုံပြီး တိုက်ပွဲတွေ ရပ်ဆိုင်းနိုင်ရေး ဆွေးနွေးညှိနှိုင်းကြဖို့ တောင်းဆိုတာဖြစ်ပါတယ်။
အဲဒီလက်မှတ်တွေကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က သီပေါမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းခမ်းအောင် ထံ ပေးပို့တာဖြစ်ပြီး အဲဒီကတဆင့် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့တွေကို ပေးပို့သွားမယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သီပေါမြို့နယ် နားမခေါ်ကျေးရွာအုပ်စုက ဒေသခံ လေးထောင်ကျော်ကလည်း တိုက်ပွဲတွေရပ်ပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။