လူ့အခွင့်အရေးဆွေးနွေးပွဲ ကျင်းပ
ဒီကနေ့ မနက်ပိုင်းက ရန်ကုန်တိုင်း လှိုင်မြို့နယ်အတွင်း လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ ကွန်ယက် HRDP နဲ့ လှိုင်မြို့နယ် လူငယ်ကွန်ယက်တို့တွဲဖက်ပီး လူ့အခွင့်အရေး ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပပြုလုပ် ခဲ့ကြောင်း သတင်းရရှိပါတယ်။
-
2011-07-29 -
-
-
လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ ကွန်ယက် HRDP ရဲ့ လက်ကမ်းကြေညာစာတမ်း။
ံHRDP
မနက် ၁၀ နာရီကနေ စတင်ခဲ့ပြီး နေ့လည် ၂ နာရီအထိ ပြုလုပ်ခဲ့ကြောင်း ဦးဆောင် ဆွေးနွေးရာမှာ ပါဝင်တဲ့ HRDP ဦးမောင်မောင်လေးက
အခုလိုရှင်းပြပါတယ်။
“အဓိကထားပြီး ဆွေးနွေးတာကတော့ နိုင်ငံသားနဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေ ဖြစ်ပါတယ်။ လှိုင်မြို့နယ်မှာ ရှိတဲ့ လူငယ်တွေကလည်း
နိုင်ငံရေးနယ်ပယ်ထဲက လူငယ်တွေ ဖြစ်တဲ့ အတွက်မို့ အဓိကအားဖြင့် နိုင်ငံသားနဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးထဲက မိမိကြမ္မာ မိမိဖန်တီးနိုင်ခွင့်
အခွင့်အရေး အပုဒ် ၁ ကို အဓိကထား ဆွေးနွေးပါတယ်”
ဒီဆွေးနွေးပွဲမှာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ နိုင်ငံသားများ ဆိုင်ရာ အခွင့်အရေး အပြင်၊ ဖွဲ့စည်းပုံ စည်းမျဉ်းနဲ့ နိုင်ငံသားများ ဆိုင်ရာ
အခွင့်အရေး၊ စတဲ့ ဥပဒေဆိုင်ရာ အကြောင်းအရာ တွေကိုတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးအောင်ကြည်ညွန့်က
လာရောက် ရှင်းလင်း ဟောပြော ခဲ့ပါတယ်။
အခုလို လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲတွေကို နေရာအနှံ့ ပြုလုပ်ပေးနိုင်ပါက ဗဟုသုတရရှိပြီး အကျိုးရှိနိုင် ပါတယ်လို့ ဒီဆွေးနွေးပွဲမှာ
တက်ရောက်ခဲ့သူ တစ်ဦးက အခုလိုရှင်းပြပါတယ်။
“အားလုံးက တက်တက်ကြွကြွပါပဲ။ သိချင်တာတွေကို မေးတယ်။ ဥပဒေပညာရှင် တယောက်လည်း ပါတယ်။ ကိုမောင်လေးက လူ့အခွင့်အရေးကိစ္စနဲ့
ပတ်သက်လို့ ပြောတယ်ပေါ့။ ခုံခံကာကွယ်ရမယ့် အပိုင်လေးတွေ၊ ပြည်သူလူထုအပေါ်မှာ ဘယ်လိုမျိုး ဒီအသိပညာ ပေးရမယ်ဆိုတဲ့ အပိုင်းလေးတွေ။
အတိုင်းအတာ တစ်ခုထိ ထိရောက်မှုရှိပါတယ်၊ ဒါတွေကို များများစားစား လုပ်နိုင်ရင် ကောင်းတာပေါ့”
ဒီဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးသူ လူငယ် ၂၀ ကျော်လောက် ရှိတယ်လို့သိရပါတယ်။
အခုလိုဆွေးနွေးပွဲလေးတွေကို လက်ခံကျင်းပဖို
ဖိတ်ခေါ်တဲ့အခြား မြို့နယ်တွေမှာလည်း ကျင်းပသွားဖို့ ရှိကြောင်း HRDP အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးမောင်မောင်လေးက ပြောဆိုခဲ့ပါတယ်။