မြန်မာနိုင်ငံဖွား ဟောင်ကောင် ခွဲစိတ်ဆရာဝန်ကြီး မြန်မာနိုင်ငံမှာ သင်တန်းပို့ချမည်

မြန်မာနိုင်ငံမှာမွေးပြီး ဟောင်ကောင်မှာ အခုအခြေစိုက် နေထိုင်တဲ့ ခွဲစိတ်ဆရာဝန်ကြီး Dr. James Kong ဟာ စိတ်ဒဏ်ရာ Trauma ပြင်းပြင်းထန်ထန် ရရှိထားသူတွေကို ပဏာမ ကုသပေးနိုင်မယ့် အခြေခံသင်တန်းတစ်ခု ပို့ချဖို့ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

ဒေါက်တာ James Kong နဲ့ အဖွဲ့ဟာ နိုင်ငံပေါင်း ၂၆ နိုင်ငံကို အခုလို လှည့်လည် သင်တန်းပေးနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၆၀ ရှိပေမယ့် ဆရာဝန် ဦးရေဟာ သုံးသောင်းလောက်ပဲ ရှိကြောင်း၊ ဒါကြောင့်မို့ ၂၀၀၈ နာဂစ်မုန်တိုင်းနဲ့ ၂၀၁၁ ခုနှစ် ငလျင်လှုပ်ခဲ့တဲ့ အခြေအနေမျိူးတွေအတွက် အရေးပေါ် နယ်လှည့် ဆေးကုသပေးနိုင်မယ့် ဆရာဝန်မျိုးတွေ ရှိဖို့ လိုအပ်ကြောင်း ဒေါက်တာ Kong က ပြောပါတယ်။

သူတို့အဖွဲ့ဟာ ဆရာဝန် အရည်အချင်း ရှိပြီးသားသူတွေကို ကူညီမှာဖြစ်ပြီး စိတ်ဒဏ်ရာ ပြင်းထန်သူတွေကို အရေးပေါ် ကုသပေးနိုင်မယ့် နည်းပညာတွေ ဒါမှမဟုတ် အရေးပေါ် လူနာတွေကို တိုက်ရိုက် ထိတွေ့ပြီး အသုံးပြုနိုင်မယ့် ဆေးပစ္စည်း ကရိယာတွေကို သုံးနည်းတွေကို ကူညီသွားမှာ ဖြစ်တယ်လို့ ဒေါက်တာ Kong က ရေဒီယို သြစတြေးလျ အသံလွှင့်ဌာနကို ပြောပါတယ်။

ဒီဆေးကုသမှု ကူညီရေးအဖွဲ့ကို မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ဆရာဝန်များအသင်းအပြင် ဆေးတက္ကသိုလ် ကျောင်းတွေကပါ ဖိတ်ကြားထားတာလို့ သိရပါတယ်၊

ဒီလိုဆရာဝန် အဖွဲ့ငယ်လေးတွေက တဆင့် တခြားကျန်းမာရေး ဝန်ထမ်းတွေကိုပါ စောစောက ဆေးပညာတွေ ဆင့်ပွားဖြန့်ဖြူး သင်တန်းပေးနိုင်ဖို့အထိ မျှော်လင့်တယ်လို့လည်း ဒေါက်တာ James Kong က ပြောသွားပါတယ်

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org