ကလင်တန် ခရီးစဉ် မြန်မာ လွှတ်တော် အမတ်တွေ အကောင်းမြင်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ဟာ ဒီဇင်ဘာလ (၁) ရက်နေ့မှာ နေပြည်တော်ကို သွားရောက်ပြီး အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဟီလာရီ ကလင်တန် ခရီးစဉ်ကြောင့် ကမ္ဘာ့ဒီမိုကရေစီ အင်အားကြီးနိုင်ငံ ဖြစ်တဲ့ အမေရိကန် နိုင်ငံနဲ့ မြန်မာနိုင်ငံ အကြား ဆက်ဆံရေး ပြန်လည်ကောင်းမွန် တိုးတက်လာတဲ့ ခြေလှမ်းအဖြစ် လွှတ်တော်အမတ်တွေက ကြိုဆိုကြပါတယ်။

တဖက်မှာလည်း အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာအပေါ် ပိတ်ဆို့အရေးယူထားတာကို ရုပ်သိမ်းပေးအုံးမှာ မဟုတ်ဘူးလို့ ဟီလာရီ ကလင်တန် ကလည်း ပြောဆိုထားပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကြောင့် အမေရိကန် မြန်မာ ဆက်ဆံရေး အခြေအနေကောင်းတွေ အများကြီး ဖြစ်လာဖို့ မြန်မာ လွှတ်တော်အမတ်တွေက မျှော်လင့်နေကြပါတယ်။

အကြောင်းစုံကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org