မြန်မာ့ရွှေစျေး တစ်ကျပ်သား ကျပ် သိန်း ၂၀ ကျော်အထိ စံချိန်တင်မြင့်တက်

မြန်မာ့ရွှေဈေးကွက်ဟာ စက်တင်ဘာလ ၂၇ ရက် ဒီနေ့ညနေပိုင်း ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ စာရင်းအရ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို သိန်း ၂၀၁၀၀၀၀ ကျပ်အထိ ဈေးကွက်ပေါက်ဈေး ဖြစ်ခဲ့ပါတယ်။

ရန်ကုန်မြို့က ‌ရွှေဆိုင်တစ်ဆိုင်မှာ အရောင်းအဝယ်လုပ်နေတာကို ၂၀၁၃၊ ဧပြီ ၂၃ ရက်နေ့က မြင်တွေ့ရစဉ် Photo: REUTERS

မြန်မာ့ရွှေဈေးကွက်ဟာ စက်တင်ဘာလ ၂၇ ရက် ဒီနေ့ညနေပိုင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းရဲ့ စာရင်းအရ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို သိန်း ၂၀၁၀၀၀၀ ကျပ်အထိ ဈေးကွက် ပေါက်ဈေး ဖြစ်ခဲ့ပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့မှာ ၁၇ သိန်းကျော် ပေါက်ဈေးရှိခဲ့တဲ့ ရွှေဈေးဟာ အခု စက်တင်ဘာလကုန်ပိုင်း မှာတော့ သိန်း ၂၀ ကျော်အထိ ဖြစ်လာပြီး တစ်လအတွင်းမှာ သုံးသိန်းကျော် မြင့်တက်ခဲ့တာပါ။

ဒါပေမဲ့ ကမ္ဘာ့ရွှေဈေးဟာ ဒီနေ့မှာဆိုရင် တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၇၅၀ ရှိနေခဲ့ပြီး စက်တင်ဘာ ၁ ရက်နေ့ တစ်အောင်စ ဒေါ်လာ ၁၈၁၀ နဲ့ယှဉ်ရင်တော့ ကျဆင်းနေခဲ့ပါတယ်။

ဒီလို ရွှေဈေးနှုန်းတက်တာဟာ ဝယ်လိုအားများတာကြောင့်ဖြစ်သလို ဗဟိုဘဏ်အနေနဲ့ ဒေါ်လာဈေးကို ထိန်းချုပ်နိုင်မယ်ဆိုရင် ရွှေဈေးပါ ကျဆင်းလာမှာဖြစ်တယ်လို့ စက်တင်ဘာလ ဒုတိယအပတ်မှာ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဦးအုန်းမြိုင်က သုံးသပ်ခဲ့ဖူးပါတယ်။

စစ်တပ်က အာဏာမသိမ်းခင် ဇန်နဝါရီ ၁ ရက်နေ့မှာ ပြည်တွင်း အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားဟာ ၁၃၀၀၀၀၀ ကျော်ပဲ ရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org