ဖမ်းဆီးခံ လယ်သမား ၃၆ ဦး အာမခံရရှိ

ပဲခူးတိုင်း ဖြူးမြို့ ညောင်ပင်သာကျေးရွာမှာ ဇွန်လ ၂၄ ရက်နေ့က ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃ နဲ့ ဖမ်းဆီးခံထားရတဲ့ တောင်သူ ၅၂ ဦးထဲက ၃၆ ဦးဟာ ဒီကနေ့အာမခံရရှိခဲ့ပြီး ကျန် ၆ ဦး ကိုတော့ ပိုင်နက်ကျူးကျော်မှု ပုဒ်မ ၄၄၇ ထပ်တိုးပြီး အရေး ယူထားလိုက်တယ်လို့ သိရပါတယ်။

ပဲခူးတိုင်း ဖြူးမြို့ ညောင်ပင်သာကျေးရွာမှာ ဇွန်လ ၂၄ ရက်နေ့က ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃ နဲ့ ဖမ်းဆီးခံထားရတဲ့ တောင်သူ ၅၂ ဦးထဲက ၃၆ ဦးဟာ ဒီကနေ့အာမခံရရှိခဲ့ပြီး ကျန် ၆ ဦးကိုတော့ ပိုင်နက်ကျူးကျော်မှု ပုဒ်မ ၄၄၇ ထပ်တိုးပြီး အရေးယူထားလိုက်တယ်လို့ သိရပါတယ်။

တောင်သူ ၆ ဦးကို ညောင်ပင်သာကျေးရွာက ပြည်သူ့လုပ်အားနေရာချထားရေး (ပလဖ) စိုက်ကွင်းမှာ ဝင်ရောက်ထွန်ယက်ခဲ့တဲ့အတွက် ပိုင်နက်ကျူးကျော်မှုနဲ့ ထပ်မံတရားစွဲဆိုလိုက်တာလို့ အဲ့ဒီအရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ ဦးခင်ဇော်က RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၉၇၅-၁၉၇၆ ခုနှစ်ကတည်းက ပလဖစိုက်ကွင်းမှာရှိတဲ့ စိုက်ပျိုးမြေ ဧက နှစ်ထောင်ကို တောင်သူ ၁၄၁ ဦးက လုပ်ကိုင်ခွင့်ရရှိထားတာလို့ သိရပါတယ်။

အစိုးရက ပြန်လည်ချထားပေးတဲ့ မြတ်အိန္ဒြေ ကုမ္ပဏီကနေ ဒီနှစ်မိုးရာသီမှာ တောင်သူတွေကို ၅ ဧကစီ လုပ်ပိုင်ခွင့်ပြန်ပေးဖို့ သဘောတူထားတဲ့အချက်ကို တောင်သူ ၁ဝဝ ကျော်က ဖောက်ဖျက်ခဲ့ကြပါတယ်။

အဲ့ဒီအတွက် တောင်သူတွေဟာ ကုမ္ပဏီကို သွားရောက်ပြီး မေတ္တာရပ်ခံရာမှာ ဝတ္တရားနှောင့်ယှက်မှုနဲ့ တရားစွဲခံခဲ့ရတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org