၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်တွင်း NLD လွှတ်တော်အမတ်တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသား KNU ကရင်အမျိုးသား အစည်းအရုံးကရော NMSP မွန်ပြည်သစ်ပါတီ တို့ကပါ သုံးသပ်ကြတာ ဖြစ်ပါတယ်။
အပစ်ခတ်ရပ် ငြိမ်းချမ်းရေးယူစဉ်က နိုင်ငံရေး ပြဿနာတွေကို ရွေးကောက်ပွဲ အရ တက်လာမယ့် အစိုးရနဲ့သာ ဆွေးနွေးပါလို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ယ္ခင် စစ်အစိုးရ လက်ထက်က ပြောခဲ့ပေမယ့် လတ်တလော ကချင်၊ရှမ်း၊ ကရင် ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ အစိုးရတပ်တွေရဲ့ ထိုးစစ်ကို ကြည့်ရင် လက်ရှိ အစိုးရဟာ နိုင်ငံရေး အရ ဆွေးနွေးလိုစိတ် မရှိဘူး ဆိုတာကို ပြသနေကြောင်း KNU နဲ့ NMSP ပါတီတို့က သုံးသပ်ပါတယ်။
NLD လွှတ်တော်အမတ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေရဲ့ အမြင်ကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။