အစိုးရ နဲ့ စစ်တပ် သိမ်းထားတဲ့ လယ်မြေများ ပြန်ပေးဖို့ ဆန္ဒပြ

ကရင်ပြည်နယ် ဘားအံနဲ့ လှိုင်းဘွဲ့မြို့ နယ်တွေက ကျေးရွာ ၁၁ ရွာမှာ စစ်တပ်၊ ဆည်မြောင်းဦးစီးဌာနနဲ့ ကုမ္ပဏီတွေက သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၅၀၀၀ နီးပါး ကို ပြန်ပေးဖို့အတွက် ရာနဲ့ချီတဲ့ လယ်သမားတွေက ဒီနေ့ ဘားအံမြို့ပေါ်မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ကရင်ပြည်နယ်မှာ စစ်တပ်၊ ဆည်မြောင်းဦးစီးဌာနနဲ့ ကုမ္ပဏီတွေက သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၅၀၀၀ နီးပါးကို ပြန်ပေးဖို့အတွက် လယ်သမားတွေက သြဂုတ်လ ၂၅ ရက်နေ့က ဆန္ဒပြတောင်းဆိုစဉ် ဓါတ်ပုံ- ကရင်ပြည်နယ် ဘားအံမြို့တော်

ကရင်ပြည်နယ် ဘားအံနဲ့ လှိုင်းဘွဲ့မြို့နယ်တွေ က ကျေးရွာ ၁၁ ရွာမှာ စစ်တပ်၊ ဆည်မြောင်း ဦးစီးဌာနနဲ့ ကုမ္ပဏီတွေက သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၅၀၀၀ နီးပါးကို ပြန်ပေးဖို့အတွက် ရာနဲ့ချီတဲ့ လယ်သမားတွေက ဒီနေ့ ဘားအံမြို့ပေါ်မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

လယ်ယာမြေတွေ ပြန်လည်ရရှိဖို့အတွက် သက်ဆိုင်ရာ ဌာနအသီးသီးကို တင်ပြခဲ့ပေမဲ့ ဖြေရှင်းမပေးတဲ့ အတွက် ဆန္ဒပြတာဖြစ်တယ်လို့ ဆန္ဒပြပွဲဦးဆောင်သူ ၈၈ ကရင်မျိုးဆက် ကျောင်းသားအစည်းအရုံးက ကိုဇော်ထိုက်က ပြောပါတယ်။

"ဝန်ကြီးတွေကနေပြီးတော့ လာရောက်ကွင်း ဆင်းလေ့လာတယ်၊ နောက် ၂ ခါ၊ ၃ ခါ လေ့လာ တယ်၊ လေ့လာပြီးတော့ သူတို့ကအခုအချိန်အထိ ပိုင်ဆိုင်ခွင့်မပေးဘူးဗျ ရွာသားတွေကို၊ နောက်ပြီးတော့ တောင်သူ လယ်သမားတွေရဖို့ သူတို့ကထွက်ဆိုချက်တွေ ယူတယ်၊ သက်သေအထောက်အထားအဖြစ် ပြေစာတွေစစ်တယ်၊ လူသက်သေ၊ ကွင်းအနေအထား၊ ပတ်ဝန်းကျင် အနေအထားတွေစစ်တယ်၊ မြေစာရင်းဦးစီးဌာနတွေကစစ်တာ၊ ဒါပေမယ့် အခုအချိန်ထိကတော့ ပိုင်ဆိုင်မှှုမရှိသေးဘူး၊ ပိုင်ဆိုင်မှှုမပေးနိုင်ဘူးဖြစ်နေတယ်၊ အချိန်ဆွဲထားတယ်၊ သိမ်းဆည်းတဲ့ လယ်ယာမြေများကို အမြန်ဆုံးပြန်လည်ရရှိနိုင်ရေးအတွက်ကို ဆန္ဒဖော်ထုတ်ရတာပါ"

လယ်ယာမြေဧက ငါးထောင် နီးပါးကို အစိုးရတပ်မတော်၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA၊ ဆည်မြောင်းဦးစီးဌာနနဲ့ ကုမ္ပဏီတွေက သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဆန္ဒပြပွဲမှာ  ၈၈ ကရင်မျိုးဆက် ကျောင်းသားများအစည်းအရုံးက ဦးဆောင်ပြီး ထီလုံ၊ ရွှေချိုင်ကလေး၊ ဈေးမသွယ် ၊ ထားဝယ်အံ၊ လက္ခဏ၊ တောင်သူကုန်း၊ လှာကမြင်စတဲ့ ကျေးရွာ ၁၁ ရွာက လယ်သမား ၂၀၀ေ လာက် ပါဝင် ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org