လယ်ယာမြေ ရေနစ်မြုပ် ပျက်စီးမှု အတွက် လျော်ကြေးငွေ ပေးအပ်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှာ မယ်ဇလီဆည်မြောင်း ကျိုးပေါက်ခဲ့ တာကြောင့် ရေနစ်မြုပ်ခဲ့တဲ့ လယ် ယာမြေဧက ၂၀၀ ကျော်အတွက် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဦးစီးဌာနက လယ်သမားတွေကို ဒီနေ့ လျော်ကြေးငွေတွေ ပေးအပ်ခဲ့ပါတယ်။
-
2014-12-04 -
-
-
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှာ မယ်ဇလီ ဆည်မြောင်း ကျိုးပေါက်ခဲ့တာကြောင့် ရေနစ်မြုပ်ခဲ့တဲ့ လယ်ယာမြေဧက ၂၀၀ ကျော်အတွက် လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဦးစီးဌာနက လယ်သမားတွေ ကို ဒီနေ့ လျော်ကြေးငွေတွေ ပေးအပ်ခဲ့ပါတယ်။
ရေနစ်မြုပ်ခဲ့တဲ့ လယ်ယာမြေ ဧက ၂၀၀ ကျော်မှာ ထိခိုက်လယ်ယာမြေ တစ်ဧကအတွက် ၃သိန်းနှုန်း၊ ပျက်စီး လယ်ယာမြေ တစ်ဧကအတွက် ၄ သိန်းနှုန်း နဲ့ လျော်ကြေးပေးခဲ့တယ်လို့ ပွင့်ဖြူမြို့နယ် မြေစာရင်း ဦးစီးမှူး ဦးပိုင်သူရချိုက ပြောပါတယ်။
"ကျနော်တို့ အဖွဲ့အစည်းနဲ့ ဆင်းပြီးတော့ စိုက်ပျိုးရေး၊ မြေစာရင်း၊ ဆည်မြောင်း၊ ထွေအုပ်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး အဖွဲ့တွေနဲ့ ရပ်ရွာက လယ်သမား ကိုယ်စားလှယ်တွေနဲ့ ဆင်းပြီးကောက်ထားတဲ့ စာရင်းပါခင်ဗျ၊ ထိခိုက်က အားလုံးပေါင်း ၈၃၊ ပျက်စီးတဲ့ဧက ၁၁၇ ၊ ထိခိုက်တဲ့ဧကဆိုရင် ၃ သိန်းပေးတယ်၊ ပျက်စီးတဲ့ဧကဆို ၄ သိန်းပေးတယ်"
ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီး၊ ဥယျာဉ်ခြစ် စတဲ့ ကျေးရွာ ၄ ရွာက လယ်သမား ၁၀၀ ကျော်ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ မကွေးတိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဦးစီးဌာနဦးစီးမှူး က လျော်ကြေးငွေတွေ ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ညမှာ မယ်ဇလီဆည်မြောင်း က ရေထွက်မြောင်းတစ်ခု ကျိုးပေါက်ခဲ့တာဖြစ်ပြီး ကျိုးသွားတဲ့ မြောင်းကို ပြန်လည်ပြုပြင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။