အစိုးရလုပ်ငန်း တားဆီးခဲ့သူ လယ်သမားများ အမှုဖွင့်ခံရ
တနသာၤရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်မှာ မတ်လ ၂၅ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး အစိုးရက အဆောက်အဦးဆောက်လုပ်ဖို့ မြေပြုပြင်တာကို တားဆီးခဲ့ တဲ့ ဒေသခံလယ်သမား လေးဦးကို ဝတ္တရားနှောက်ယှက်မှု၊ ကျူးကျော်ဝင်ရောက်မှုတွေနဲ့ အမှုဖွင့်ထားတယ်လို့ သိရ ပါတယ်။
-
2015-03-29 -
-
-
တနသာၤရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်မှာ မတ်လ ၂၅ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး အစိုးရက အဆောက်အဦးဆောက်လုပ် ဖို့ မြေပြုပြင်တာကို တားဆီးခဲ့တဲ့ ဒေသခံလယ်သမား လေးဦးကို ဝတ္တရားနှောင့်ယှက်မှု၊ ကျူးကျော် ဝင်ရောက်မှုတွေနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
မနေ့ညက လယ်သမား လေး ဦးရဲ့ နေအိမ်ကို ရဲတွေဝင်ဖမ်းတာကြောင့် လယ်သမား တွေ ထွက်ပြေးတိမ်းရှောင်နေ ရတယ်လို့ အမှုဖွင့်ခံထားရတဲ့ မရွှေဇင်ယုက ပြောပါတယ်။
"ည ၇ နာရီလောက်မှာ ကျမကိုလာဖမ်းတယ်၊ ကျမရေချိုးနေတဲ့အချိန်မှာ ရဲသားတွေလာတော့ ကျမ ထွက်ပြေးသွားတော့ ကျမလွတ်သွားတယ်ပေါ့နော်၊ ကျမတို့လယ်သမားတွေ ၄ ယောက်လုံးရှောင်နေ လိုက်တယ်၊ အဲ့ဒါကို အိမ်မှာ မှာခဲ့တယ်၊ မနက် ၁၀ နာရီမှာ လာအစစ်ခံပါပေါ့နော်၊ အဲ့လိုမှမဟုတ်ရင် ဖမ်းရလိမ့်မယ်ဆိုပြီး သူတို့ကပြောသွားတယ်၊ ကျမတို့သွားအစစ်မခံဘူးလေ၊ ဘာလို့လဲဆိုတော့ ကျမတို့က အမှားလုပ်ထားတာမှမဟုတ်တာ"
ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ်က ဆန်းချီရပ်ကွက်က လယ်သမားတွေပိုင်ဆိုင်တဲ့ လယ်ဧက ၃ဝဝ ကျော်ကို ထားဝယ် မြို့ သစ်စီမံကိန်းအတွက်ဆိုပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က သိမ်းယူခဲ့တာဖြစ်ပါတယ်။ အဲဒီ့နောက် လယ်သမားတွေ ကို လျော်ကြေးငွေပေးခဲ့ပေမယ့် လက်မခံတဲ့လယ်သမားတွေလည်း အများအပြား ရှိနေပါတယ်။
ပြီးခဲ့တဲ့လက ဒေသခံတောင်သူတွေနဲ့ မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး အငြင်းပွားနေတဲ့ လယ်ယာမြေတွေမှာ အဆောက်အဦးတွေ မဆောက် လုပ်ဖို့နဲ့ ခြံစည်းရိုး ဝင်ခတ်တာ တွေမလုပ်ဖို့ ညှိနှိုင်းပြောကြား ခဲ့ပြီး ဖြစ်တယ်လို့လည်း လယ်သမားတွေက ပြောပါတယ်။
ဒါပေမယ့် ကန်ထရိုက်ယူထားတဲ့ ကုမ္ပဏီနဲ့ အစိုးရဘက်က အတင်းဝင်ရောက် လုပ်ကိုင်နေတာကြောင့် လယ်သမားတွေက မကျေမနပ်ဖြစ်ပြီး ဝင်ရောက် တားမြစ်ခဲ့ကြတာလို့ သိရပါတယ်။