ရွှေထွက်တယ်ဆိုတဲ့ တောင်ထိပ် တားမြစ်နယ်မြေလို့ သတ်မှတ်
နေပြည်တောင်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာအုပ်စု ပေါင်းလောင်း ရေအား လျှပ်စစ်ဝင်း မြောက်ဘက်က ရွှေထွက်တယ်ဆို တဲ့ တောင်စောက်တောင်ထိပ်ကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်ပြီး ဖြတ်သန်းသွားလာခွင့်မပြုကြောင်း ပုဒ်မ ၁၄၄ ကို ဇေယျာသီရိမြို့နယ် အုပ်ချုပ်ရေး မှူး ဦးမြတ်သိန်းထွန်း အမိန့်နဲ့ စက်တင်ဘာလ ၂၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
-
2014-09-29 -
-
-
နေပြည်တောင်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာအုပ်စု ပေါင်းလောင်း ရေအား လျှပ်စစ်ဝင်း မြောက်ဘက်က ရွှေထွက်တယ်ဆိုတဲ့ တောင်စောက်တောင်ထိပ်ကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်ပြီး ဖြတ်သန်းသွားလာခွင့်မပြုကြောင်း ပုဒ်မ ၁၄၄ ကို ဇေယျာသီရိမြို့နယ် အုပ်ချုပ်ရေး မှူး ဦးမြတ်သိန်းထွန်း အမိန့်နဲ့ စက်တင်ဘာလ ၂၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် ရွှေတူးသူတွေကို ဆက်လက်မတူးဖော်ဖို့ သွားရောက်တားမြစ်ခဲ့တယ်လို့ ကျည်တောင်ကျေးရွာက ရာအိမ်မှူး ကိုနောင်နောင်က အခုလို ပြောပါတယ်။
"မနေ့ကတည်းက စက်နဲ့အော်ပေးထားတယ်၊ ၁၄၄ နယ်မြေဖြစ်တယ်ပေါ့၊ မတက်ကြတော့နဲ့ ကြေငြာသင်ပုန်း လာဖတ်ကြလို့ပြောတယ်၊ အဲ့တော့ မသိတဲ့ရပ်ဝေးကလူတွေက လာတက်ကြတယ်၊ ကျနော်တို့ ဒီကအုပ်စုက မတက်ကြတော့ဘူး၊ ပြန်ဆင်းသွားကြတယ်၊ ပြန်သွားတဲ့သူတော့ ခန့်မှန်းခြေတော့ ၁ဝဝ လောက်ရှိမှာပေါ့"
အဲ့ဒီမြေနေရာဟာ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၃၂၉ အမြောက်တပ်ရင်း၊ အမှတ် ၃၀၃၊ ၃၀၅ ခြေမြန် တပ်ရင်းတွေနဲ့ ပေါင်းလောင်း ရေအားလျှပ်စစ်ဝင်းတို့နဲ့ နီးကပ်တဲ့အတွက် လုံခြုံရေး ထိခိုက်နိုင်ကြောင်း ကြေညာ ချက်မှာပါရှိပါတယ်။
ဒါ့အပြင် ခွင့်ပြုချက်မရှိဘဲ ဝင်ထွက်သွားလာတာ၊ ရွှေတူးဖော်တာ၊ သစ်ဝါးတွေ ခုတ်ယူတာတွေကို တားမြစ်ကြောင်း၊ အမိန့်ကိုမလိုက်နာရင် အရေးယူမှာဖြစ်ကြောင်းလည်း ဖော်ပြပါရှိပါတယ်။
အဲ့ဒီအမိန့်ဟာ လာမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့အထိ အကျုံးဝင်တယ်လို့ သိရပါတယ်။
ကျည်တောင် ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာ ၈ ရွာက ဒေသခံတွေနဲ့ အနီးအနားကျေးရွာတွေ က ဒေသခံတွေလည်း ‘တောင်စောက်တောင်’ ထိပ်မှာ ရွှေတူးဖော်တာတွေရှိတယ်လို့ သိရပါတယ်။