ဒေါက်တာခလမ်ဆမ်ဆွန်ကို အမြန်ပြန်လွှတ်ဖို့ ဗြိတိန်လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့အကြံပေး ဒေါက်တာခလမ်ဆမ်ဆွန်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ဖမ်းဆီးထားတာကို အလွန်စိုးရိမ်ကြောင်းနဲ့ သူ့ကိုချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Global Witness က မနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

Photo:Hkalam Samson Facebook

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ကချင်လူမျိုးတွေအတွက် လေးစားစရာကောင်းတဲ့ ဘာသာရေးနဲ့ ရပ်ရွာခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

သူ့ကိုမတရားဖမ်းဆီးထားတာဟာ စစ်ကောင်စီလက်အောက်မှာ ခြိမ်းခြောက်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံကလူမှုရေးအဖွဲ့အစည်းတွေကို ထပ်ဆင့်ခြိမ်းခြောက်လိုက်တာပဲလို့ Global Witness ရဲ့ အကြီးတန်းစည်းရုံးရေးမှုး Hanna Hindstrom ကပြောပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်နဲ့အတူ စစ်ကောင်စီက မတရားဥပဒေတွေနဲ့ ဖမ်းဆီးထားတဲ့ တခြားနိုင်ငံရေးအကျဉ်းသားတွေကိုလည်း လွှတ်ပေးသင့်တယ်လို့ သူကဆိုပါတယ်။

နိုင်ငံတကာအနေနဲ့ စစ်ကောင်စီအပေါ် နိုင်ငံရေးအရရောစီးပွားရေးအရပါ ပိုပြီး ဖိအားတွေပေးဖို့လည်း သူက တိုက်တွန်းပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ဒီဇင်ဘာလ ၄ ရက်နေ့က မန္တလေးလေဆိပ်မှာ ဖမ်းဆီးခံရပြီးနောက် ဒီဇင်ဘာလ ၅ ရက်နေ့မှာ ပြန်လွတ်လာခဲ့ပြီး မြစ်ကြီးနားမြို့ကို ပြန်အလာ မြစ်ကြီးနားလေဆိပ်မှာ ထပ်မံဖမ်းဆီးခံရတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org