Generation Wave အဖွဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ဆန္ဒပြ

မျိုးဆက်သစ်လူငယ်များ (Generation Wave) အဖွဲ့ဝင် ၁ဝဝ ခန့်ဟာ ဒီကနေ့ ဒီဇင်ဘာလ ၁ဝ ရက်နေ့ မနက်ပိုင်းက လက်ပန်းတောင်းတောင်အရေးနဲ့ ပတ်သက်ပြီး ဒီကနေ့မနက်ပိုင်းမှာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဒီဇင်ဘာ ၁၀ ရက် ငြိမ်းချမ်းရေးနေ့တွင် Generation Wave အဖွဲ့ဝင်များ မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်နေစဉ် Photo: RFA/Kyaw Htoon Naing

မျိုးဆက်သစ်လူငယ်များ Generation Wave အဖွဲ့က ဆန္ဒထုတ်ဖော်တာနဲ့ ပတ်သက်တဲ့ သဘောထား ထုတ်ပြန်ချက် တစ်ရပ်ကိို Generation Wave အဖွဲ့ဝင်တစ်ဦးက အခုလို ဖတ်ကြားခဲ့ပါတယ်။

"၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ကျနော်တို့သည် အောက်ဖော်ပြပါအချက်များကို ဆန္ဒပြုထုတ်ဖော်တောင်းဆိုလိုက်သည်၊ (က) လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွင် အကြမ်းဖက်ဖြိုခွင်းမှုအား တရားမျှတစွာဖြေရှင်းပေးရန်၊ (ခ) အဆိုပါအကြောင်းအရာနဲ့ ပတ်သက်ပြီး ဆန္ဒပြ ကန့်ကွက်သူတို့အား ဖမ်းဆီးထိန်းသိမ်းထားခြင်းမှ အမြန်ဆုံးပြန်လွှတ်ပေးရန် ကျနော်တို့ Generation Wave မျိုးဆက်သစ်လူငယ်များ  အဖွဲ့က တောင်းဆိုလိုက်ပါသည်"

အခုလို ဆန္ဒပြပွဲကို ဒီကနေ့ ဒီဇင်ဘာလ ၁ဝ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနဲ့ တိုက်ဆိုင်ပြီး ဆန္ဒပြကြတာဖြစ်ပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နဲ့ တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့က ကျောင်းသား၊ ကျောင်းသူတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို အစိုးရဘက်က အင်အားသုံးဖြိုးခွင်းမှုကို ကန့်ကွက်ကြောင်းနဲ့ လက်ပန်းတောင်းတောင်အရေးနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရေးစတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org