ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော အသက် ၉၂ နှစ် ပြည့်ပြီ

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး မြန်မာပြည် အင်္ဂလိပ်ကျွန်ဘဝ ကနေ လွတ်မြောက်ရေးအတွက် ဂျပန်နိုင်ငံကို လျှို့ဝှက်သွားရောက်ကာ စစ်ပညာတွေ သင်ကြားခဲ့ကြတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ် ဟောင်း ကျော်ဇောဟာ ဒီကနေ့ အသက် ၉၂ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်၊ အသက် ၉၂ နှစ် ပြည့် မွေးနေ့တွင် တွေ့ရသော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော။ RFA

လက်ရှိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းခေါ် ခွန်းမင်မြို့မှာ နေထိုင်နေတဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက မြန်မာပြည်သူလူထုကို နှုတ်ခွန်း ဆက်သလိုက်ပါတယ်။

“ကျနော် ဒီနေ့ ၉၂ နှစ် ပြည့်ပါပြီ။ ကျနော် ကျန်းမာပါတယ်။ ပြည်သူတွေအားလုံးလည်း ကျန်းမာကြပါစေလို့ ဆုတောင်းပါတယ်။ ဒီမိုကရေစီလည်း အမြန် ရပါစေ”

ရဲဘော်သုံးကျိပ်ဝင်တွေအနက် လက်ရှိ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောနဲ့ ဗိုလ်ရဲထွဋ်တို့ နှစ်ဦးသာ သက်ရှိထင်ရှား ရှိပါတော့တယ်။

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောနဲ့ အတူ ခွန်းမင်မြို့မှာ နေထိုင်တဲ့ သမီးဖြစ်သူ ဒေါက်တာလှကျော်ဇော က မိမိတို့ မိသားစုဟာ မြန်မာပြည်ကို ပြန်လိုတဲ့ဆန္ဒ အမြဲရှိကြောင်း၊ မြန်မာ့နိုင်ငံရေး အခြေအနေတွေကို စောင့်ကြည့်နေကြောင်း ပြောပါတယ်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောနဲ့ သူတို့မိသားစုရဲ့ ခံယူချက်အပြင် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒေါက်တာလှကျော်ဇောကို RFA ဦးခင်မောင်စိုး ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org