ဖုယွင် အလုပ်သမားသပိတ် ရိုက်နှက်ဖြိုခွဲခံရ

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က ဖုယွင် အထည်ချုပ်စက်ရုံရှေ့မှာ သပိတ်မှောက်ဆန္ဒပြနေတဲ့ အလုပ်သမားတွေကို လက်ရှိ စက်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေနဲ့ အမည်မသိ လူတစ်စု ပူးပေါင်းပြီး ဒီနေ့မနက်က ဝင်ရောက် ရိုက်နှက်ဖြိုခွဲခဲ့တာကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ဆန္ဒပြအလုပ်သမား ၂၅ ဦးဟာ စံပြဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က ဖုယွင် အထည်ချုပ်စက်ရုံရှေ့မှာ သပိတ်မှောက်ဆန္ဒပြနေတဲ့ အလုပ်သမားတွေကို ၂၀၁၈၊ အောက်တိုဘာ ၁၅ ရက်နေ့က တွေ့ရစဉ် Photo: Aung Thain Kha/ RFA

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က ဖုယွင် အထည်ချုပ်စက်ရုံရှေ့မှာ သပိတ်မှောက်ဆန္ဒပြနေတဲ့ အလုပ်သမားတွေကို လက်ရှိ စက်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေနဲ့ အမည်မသိ လူတစ်စု ပူးပေါင်းပြီး ဒီနေ့မနက်က ဝင်ရောက် ရိုက်နှက်ဖြိုခွဲခဲ့တာကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ဆန္ဒပြအလုပ်သမား ၂၅ ဦးဟာ စံပြဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။

သပိတ်စခန်းကို ဝင်ရောက်ရိုက်နှက်သူတွေကို အရေးယူပေးဖို့ ရပ်ကွက်နေပြည်သူတွေနဲ့ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အလုပ်သမားတွေက တောင်းဆိုနေကြပါတယ်။

မြို့နယ်ရဲတပ်ဖွဲ့ကလည်း ထိခိုက်နစ်နာသူတွေအနေနဲ့ အမှုဖွင့်ကြဖို့ သပိတ်စခန်းက အလုပ်သမားတွေကို ပြောခဲ့ပါတယ်။

ဖုယွင် သပိတ်စခန်းက အလုပ်သမားတွေဟာ သူတို့ရဲ့ အလုပ်ရှင် အလုပ်သမားပြဿနာကို အမြန်ဆုံးဖြေရှင်းပေးဖို့ ဆိုပြီး မနေ့က မဟာဗန္ဓုလပန်းခြံအနီး ဆန္ဒထုတ်ဖော်ပြီးနောက် ဒီနေ့မနက်မှာ  ဖြိုခွဲခံရတာဖြစ်ပါတယ်။

ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမား သမဂ္ဂ ဥက္ကဋ္ဌ အပါအဝင် အလုပ်သမား ၃၀ ကို သြဂုတ်လ ၂၀ ရက်နေ့ကစပြီး အလုပ်ထုတ်လိုက်တာကြောင့် ကျန်ရှိနေတဲ့ အလုပ်သမား တချို့ဟာ အလုပ်ထုတ်ခံရသူတွေကို ပြန်ခန့်ပေးဖို့ အတွက် သြဂုတ်လ ၂၁ ရက်နေ့ကစပြီး စက်ရုံရှေ့မှာ သပိတ်မှောက် ဆန္ဒပြနေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org