စက်ရုံ ၇ ရုံက အလုပ်သမားတွေ ဆန္ဒပြ

နှစ်လနီးပါးကြာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားတွေ အပါအဝင် စက်ရုံ ၇ ရုံက ရာနဲ့ချီတဲ့ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်တွေဟာ အလုပ်ရှင်၊ အလုပ်သမား ပြဿနာတွေကိုအမြန်ဆုံး ဖြေရှင်းပေးဖို့ ဒီနေ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့တဲ့အပြင် ဆူးလေဘုရားလမ်းကနေ အနော်ရထာလမ်း၊ ပန်းဆိုးလမ်းအတိုင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားတွေနဲ့ စက်ရုံ ၇ ရုံက အလုပ်သမားတွေ ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့စဉ် Photo: Thant Zin Oo/RFA

နှစ်လနီးပါးကြာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားတွေ အပါအဝင် စက်ရုံ ၇ ရုံက ရာနဲ့ချီတဲ့ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်တွေဟာ အလုပ်ရှင်၊ အလုပ်သမား ပြဿနာတွေကိုအမြန်ဆုံး ဖြေရှင်းပေးဖို့ ဒီနေ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့တဲ့အပြင် ဆူးလေဘုရားလမ်းကနေ အနော်ရထာလမ်း၊ ပန်းဆိုးတန်း လမ်းအတိုင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်က ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားသပိတ်ဟာ ဒီနေ့မှာ ၅၅ ရက်ကြာပြီဖြစ်ပါတယ်။ အစိုးရနဲ့ အလုပ်ရှင်ဘက်က အမြန်ဆုံးမဖြေရှင်းပေးရင် အခုလို အလုပ်သမားဆန္ဒပြပွဲတွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆက်လုပ်သွားမယ်လို့ ဖုယွင်အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ မသက်ထားဆွေက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ စက်ရုံအသီးသီးက အလုပ်သမားပြဿနာတွေကို အမြန်ဆုံးဖြေရှင်ပေးဖို့နဲ့ ဖုယွင်အထည်ချုပ် စက်ရုံရဲ့ သပိတ်စခန်းတောင်းဆိုမှုတွေကို အမြန်ဆုံးဖြေရှင်းပေးဖို့  တောင်းဆိုခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org