သတင်းလွတ်လပ်ခွင့်ပေးဖို့ Freedom House တိုက်တွန်း

ရိုက်တာသတင်းထောက်တွေဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ဖမ်းဆီးပြီး အစိုးရ လုံခြုံရေးအက်ဥပဒေနဲ့ အရေးယူထားတာဟာ မြန်မာပြည်မှာရှိတဲ့ သတင်းထောက်အားလုံးကို ခြိမ်းခြောက်မှုဖြစ်တယ်လို့ ဝါရှင်တန်ဒီစီ အခြေစိုက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တစ်ခုဖြစ်တဲ့ Freedom House အဖွဲ့က ဇန်နဝါရီ ၅ ရက် မနေ့က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

ရိုက်တာသတင်းထောက် ကိုသက်ဦးမောင်မောင်(ခေါ်)ဝလုံးနဲ့ ကိုကျော်စိုးဦး(ခေါ်)မိုးအောင် တို့ကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က မင်္ဂလာဒုံမြို့နယ်တရားရုံးမှာ ရုံးထုတ်လာစဉ် Photo: Kyaw Zaw Win/RFA

ရိုက်တာသတင်းထောက်တွေဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ဖမ်းဆီးပြီး အစိုးရလုံခြုံရေးအက်ဥပဒေနဲ့ အရေးယူထားတာဟာ မြန်မာပြည်မှာရှိတဲ့ သတင်းထောက်အားလုံးကို ခြိမ်းခြောက်မှုဖြစ်တယ်လို့ ဝါရှင်တန်ဒီစီ အခြေစိုက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တစ်ခုဖြစ်တဲ့ Freedom House အဖွဲ့က ဇန်နဝါရီ ၅ ရက် မနေ့က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

တဆက်တည်းမှာပဲ သတင်းလွတ်လပ်ခွင့်ဟာ ဒီမိုကရေစီရဲ့ အုတ်မြစ်ဖြစ်ကြောင်းနဲ့ အစိုးရက မီဒီယာကို အခုလို ဖိနှိပ်မှုကြောင့် မြန်မာပြည်ရဲ့ ဒီမိုကရေစီပြောင်းလဲရေးကို ထိခိုက်စေမှာ ဖြစ်ကြောင်း အဲဒီကြေညာချက်မှာ ဖေါ်ပြ ထားပါတယ်။

ဒ့ါအပြင် မြန်မာအစိုးရအနေနဲ့ သူတို့ ၂ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးပြီး မီဒီယာသမားတွေရဲ့ လွတ်လပ်စွာ သတင်းအချက်အလက် ရယူပိုင်ခွင့်ကို အကာအကွယ်ပေးသင့်ကြောင်းလည်း Freedom House အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org