နိုင်ငံရေးအကျဉ်းသား ၄၁ ဦး လွှတ်ပေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ အကျဉ်းထောင် ၁၂ ခုကနေ နိုင်ငံရေး အကျဉ်းသား ၄၁ ဦး ဒီနေ့ လွတ်မြောက်လာခဲ့ပါတယ်။

အင်းစိန်အကျဉ်းထောင်မှ ဒီဇင်ဘာလ ၁၁ ရက်နေ့က လွတ်မြောက်လာတဲ့ ကိုဒီငြိမ်းလင်းကို တွေ့ရစဉ် photo: Wunna Win Htein

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ အကျဉ်းထောင် ၁၂ ခုကနေ နိုင်ငံရေး အကျဉ်းသား ၄၁ ဦး ဒီနေ့ လွတ်မြောက်လာခဲ့ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ဒီနေ့လွတ်မြောက်လာ တဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ(၁၈)၊ ဆူပူအောင် လှုံ့ဆော်မှုပုဒ်မ ၅၀၅ (ခ) တို့နဲ့ အကျဉ်းကျခံနေရ သူတွေဖြစ်တယ်လို့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဝင် နိုင်ငံရေးအကျဉ်းသားဟောင်း အဖွဲ့ချုပ်က ဦးရဲအောင်က ပြောပါတယ်။

“ကျနော်တို့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီက စိစစ်ပြီးတင်ပြထားတဲ့ ၄၁ ယောက်စာရင်းပါ၊ အခုလွတ်လာခဲ့တဲ့သူတွေက ပဲခူးက ၆ ယောက်ဆိုလို့ရှိရင် ကိုဝင်းချိုအမှုတွဲပါ၊ ၅ဝ၅(ခ)နဲ့ ချတာပါ၊ အင်းစိန်က ၁၁ ယောက်ဆိုရင် ၁ဝ ယောက်က ပုဒ်မ ၁၈ တွေနဲ့ ထောင်ကျထားတဲ့လူတွေ ဖြစ်ပါတယ်၊ နောက်တစ်ယောက်ကတော့ ဖောက် ခွဲမှုနဲ့ချထားတဲ့ တစ်ယောက်ပါ၊ ကျန်တဲ့နယ်ထောင်တွေမှာရှိတဲ့ လူတွေကလည်း အဓိကက လက်နက် အမှု၊ ဖောက်ခွဲမှုနဲ့ ပုဒ်မ ၁၈ အမှုတွဲတွေပေ့ါ”

အင်းစိန်ထောင်က ၁၁ ဦး၊ ပဲခူးထောင်က ၆ ဦး၊ သထုံထောင်က ၁၀ ဦး၊ ကော့သောင်းထောင်က ၄ ဦး  ပုသိမ်ထောင်က ၂ ဦး အပြင် မန္တလေး၊ တောင်ငူ၊ တောင်ကြီးစတဲ့ အကျဉ်းထောင်တွေကလည်း လွတ်မြောက်လာကြပါတယ်။

နိုင်ငံရေးအကျဉ်းသား ၄၁ ဦး လွှတ်ပေးလိုက်တာနဲ့ ပတ်သက်လို့ RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org