နိုင်ငံတစ်ဝန်း လူကိုးသိန်းနီးပါး ရေဘေးသင့်ခဲ့ကြောင်း UNOCHA ထုတ်ပြန်

နိုင်ငံတစ်ဝန်းက ရေကြီးရေလျှံမှုမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေ အပါအဝင် လူ ကိုးသိန်းနီးပါး (၈၈၇,၀၀၀) ရေဘေးဒဏ်ခံခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ ဒေသခံများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ကူညီပေးစဉ်။ Facebook/ Myanmar Fire Services Department

နိုင်ငံတစ်ဝန်းက ရေကြီးရေလျှံမှုမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေ အပါအဝင် လူ ကိုးသိန်းနီးပါး (၈၈၇,၀၀၀) ရေဘေးဒဏ်ခံခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့က မြို့နယ်ပေါင်း ၆၅ မြို့နယ်မှာ ရေဘေးကြုံခဲ့ရတာလို့လည်း ဆိုပါတယ်။

လက်ရှိအချိန်အထိ သေဆုံးသူ သုံးရာကျော်နဲ့ ဒဏ်ရာရသူက တစ်ရာနီးပါးရှိတယ်လို့လည်း UNOCHA က ဖော်ပြပါတယ်။

ရေဘေးကြောင့် နေအိမ်အဆောက်အအုံ၊ လမ်း၊ တံတားတွေနဲ့ ပြည်သူ့ဝန်ဆောင်မှု အဆောက်အအုံတွေ ပျက်စီးသလို ကောက်ပဲသီးနှံတွေနဲ့ လယ်ယာမြေတွေ ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

ရေကြီးရေလျှံမှုကို ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရတဲ့ မန္တလေးတိုင်းအတွင်းမှာတော့ ရေဘေးသင့်ရွာ ၁၅ ရွာက လူပေါင်း ၂၃၀ ကျော် သေဆုံးခဲ့သလို ဒဏ်ရာရသူ လူငါးဆယ်ကို ရမည်းသင်းဆေးရုံကို ပို့ဆောင်ပေးထားရတယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီကတော့ မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၂၉၃ ဦးရှိပြီး ပျောက်ဆုံးနေသူ ၈၉ ဦးရှိတယ်လို့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org