အသိမ်းခံလယ်မြေပေါ် ထွန်ယက်သူများ တရားစွဲခံရ

ကယားပြည်နယ် ဖရူဆိုမြို့နယ် ဆိုလျားကူး ရွာမှာ စစ်တပ်ကသိမ်းထားတဲ့ လယ် ယာမြေတွေမှာ ဝင်ရောက်ထွန်ယက် ခဲ့တဲ့ တောင်သူတွေထဲက တစ်ဦးနဲ့ တောင်သူလယ်သမား သမဂ္ဂအဖွဲ့ဝင်တစ်ဦးကို ပိုင်နက်ကျူး လွန်မှု ပုဒ်မ ၄၄၇ နဲ့ အမှတ် ၅၃၁ ခြေမြန်တပ်ရင်းမှူးက တရားစွဲလိုက်ပါတယ်။

ကယားပြည်နယ် ဖရူဆိုမြို့နယ် ဆိုလျားကူးရွာမှာ စစ်တပ်ကသိမ်းထားတဲ့ လယ်ယာမြေတွေမှာ ဝင်ရောက်ထွန်ယက် ခဲ့တဲ့ တောင်သူတွေထဲက တစ်ဦးနဲ့ တောင်သူလယ်သမား သမဂ္ဂအဖွဲ့ဝင်တစ်ဦးကို ပိုင်နက်ကျူး လွန်မှု ပုဒ်မ ၄၄၇ နဲ့ အမှတ် ၅၃၁ ခြေမြန်တပ်ရင်းမှူးက တရားစွဲလိုက်ပါတယ်။

တရားစွဲခံရတဲ့ ဆိုလျားကူးရွာသား ကိုအန်ထော်နီတူရယ်က အခုလိုပြောပါတယ်။

"အဲ့ဒီတုန်းက နှစ်ယောက်တည်း သွားတာမဟုတ်ဘူးလေ၊ ကျနော်တို့ နှစ်ယောက်တည်း တရားစွဲမယ် ဆိုတော့ကျနော်အနေနဲ့ ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး၊ ပြီးတော့ တကယ်လို့ တရားစွဲချင်ရင် တစ်ရွာ လုံးအတိုင်းအတာနဲ့စွဲပါ၊ နှစ်ယောက်တည်းနဲ့ဆို ကျနော်တို့ ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ဘူးဆိုတာ ကျနော်ကပြောတယ်"

လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်လောက်က ဆိုလျားကူးရွာမှာရှိတဲ့ လယ်ယာမြေ၊ စားကျက်မြေနဲ့ သစ်တောမြေဧက စုစုပေါင်း ၁၂၀၀ ကျော်ကို အမှတ် ၅၃၁ ခြေမြန်တပ်ရင်းက သိမ်းဆည်းခဲ့ပြီး သီးစားချထားတယ်လို့ သိရပါတယ်။

သိမ်းဆည်းခံထားရတဲ့ အဲ့ဒီမြေတွေမှာ ဝင်ရောက်စိုက်ပျိုးမယ်ဆိုရင် တပ်ပိုင်မြေမှာ လုပ်ကိုင်တာဖြစ်ကြောင်း လက်မှတ်ရေးထိုးရမယ်လို့ စစ်တပ်က ညွှန်ကြားထားတဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ ဒေသခံတောင်သူတွေက  ပြီးခဲ့တဲ့ မေလ၂၇ ရက်နေ့က ဝင်ရောက်ထွန်ယက်ခဲ့ကြတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org