Facebook အကောင့်အတုနဲ့ ပုတ်ခတ်စော်ကားကြောင်း စွပ်စွဲချက်နဲ့ ကိုရာပြည့်ကို ဖမ်းဆီး

ဆရာတော် ဦးဝီရသူနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပုတ်ခတ်စော်ကားတဲ့ စာသားတွေတင်တယ်ဆိုပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုရာပြည့် ခေါ် ကိုမျိုးဝင်းသူကို ရန်ကုန်တိုင်းဒေသ ကြီး မှော်ဘီရဲစခန်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ ဒီနေ့ ဖမ်းဆီးလိုက်ပါတယ်။

ဆရာတော် ဦးဝီရသူနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ပုတ်ခတ်စော်ကားတဲ့ စာသားတွေတင်တယ်ဆိုပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုရာပြည့် ခေါ် ကိုမျိုးဝင်းသူကို ရန်ကုန်တိုင်းဒေသ ကြီး မှော်ဘီရဲစခန်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ ဒီနေ့ ဖမ်းဆီးလိုက်ပါတယ်။

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီက ဒေါ်သီရိနေလင်း က အမှုဖွင့်တာဖြစ်တယ်လို့ ကိုရာပြည့် ခေါ် ကိုမျိုးဝင်းသူ က ပြောပါတယ်။

ကိုရာပြည့် ခေါ် ကိုမျိုးဝင်းသူအပေါ် စွဲချက်တွေကို ချုပ်ရက်တစ်ပတ်အတွင်း ခိုင်လုံတဲ့သက်သေ တင်ပြနိုင်ရမှာဖြစ် ပြီး သက်သေတင်ပြနိုင်ခြင်းမရှိရင် လွှတ်ပေးရမှာဖြစ်ပါတယ်။

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေပါတီ ဥက္ကဌ ဦးနေမျိုးဝေဟာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဂုဏ်သိက္ခာကျဆင်းစေတဲ့ ဓာတ်ပုံတွေ၊ ပြည်ထောင်စု ပြိုကွဲရေးအတွက် လှုံ့ဆော်တဲ့စာသားတွေတင်ခဲ့တာကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ဦးဝေယံအောင်က ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်ရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org