အီးယူက မြန်မာနိုင်ငံပေါ် ပိတ်ဆို့မှုသက်တမ်း တစ်နှစ်ထပ်တိုး

ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု နောက်ထပ်တစ်နှစ် ထပ်တိုးလိုက်ကြောင်း ဧပြီလ ၂၆ ရက်နေ့က ကြေညာလိုက်ပါတယ်။

ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ ဥရောပသမဂ္ဂရုံးချုပ်။ AFP

ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု နောက်ထပ်တစ်နှစ် ထပ်တိုးလိုက်ကြောင်း ဧပြီလ ၂၆ ရက်နေ့က ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေ တိုးတက်မှုမရှိတဲ့အတွက် အီးယူက ချမှတ်ထားတဲ့ ပိတ်ဆို့ကန့်သတ်ချက်တွေကို လာမယ့် ၂၀၂၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ ထပ်ပြီး သက်တမ်းတိုးလိုက်တဲ့ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး ကြိုးပမ်းမှုတွေကို ဖိနှိပ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေ ဆိုးဝါးနေတာကနေ တိုးတက်မှုမရှိတာကြောင့်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

အီးယူက ချမှတ်ထားတဲ့ ပိတ်ဆို့ကန့်သတ်မှုတွေထဲမှာ မြန်မာစစ်ခေါင်းဆောင်တွေ အပါအဝင် လူပုဂ္ဂိုလ် ၁၀၃ ဦး၊ အဖွဲ့အစည်း ၂၁ ခုတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားတာ၊ ငွေကြေးနဲ့ စီးပွားရေးဆိုင်ရာ အရင်းအမြစ်တွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ လွှဲပြောင်းပေးအပ်တာ၊ အကျိုးဖြစ်ထွန်းအောင် ကူညီတာ စတဲ့ လုပ်ရပ်အားလုံးကို တားမြစ်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီစာရင်းထဲမှာ ပါတဲ့သူတွေကိုလည်း အီးယူနိုင်ငံတွေကို ခရီးသွားလာခွင့် ပိတ်ပင်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org