ကြံ့ခိုင်ဖွံ့ဖြိုးရေးမှ တိုင်းရင်းသား ဒု သမတကို တိုင်းရင်းသားပါတီများ လက်မခံ
ဒီလ ၃ ရက်နေ့ လွှတ်တော် အစည်းအဝေးကနေ နိုင်ငံတော် ဒုသမတ အဖြင် ကြံ့ခိုင်ရေးပါတီ အမတ် ရှမ်းတိုင်းရင်းသား ဒေါက်တာ စိုင်းမောက်ခန်းကို ရွေးချယ်လိုက်တာဟာ သူတို့ တိုင်းရင်းသားပါတီတွေ တောင်းဆိုခဲ့တဲ့ အချက်တွေနဲ့ မကိုက်ညီဘူးလို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMRDP) ဥက္ကဋ္ဌ နိုင်ငွေသိမ်းက ပြောပါတယ် ။
-
2011-02-07 -
-
-
“ကြံ့ဖွတ် တိုင်းရင်းသားတော့ မကြိုက်ဖူး ။ တိုင်းရင်းသားပါတီက တိုင်းရင်းသားရဲ့ ခံယူချက်နဲ့ပေါ့ဗျာ ။ ကြံ့ဖွတ်က ဆိုလို့ရှိရင်ကတော့ သိကြားမင်းတောင် တိုင်းရင်းသားတွေ မကြိုက်ဖူးဗျ ။ ဒါတွေဟာ ။ တိုင်းရင်းသားအတွက် အလုပ်လုပ်တဲ့လူမှ မဟုတ်ပဲ ။ တိုင်းရင်းသားတွေ လိုချင်တာဟာ သူတို့လုပ်မှာမှ မဟုတ်ပဲ ။ တိုင်းရင်းသား အခွင့်အရေးတောင် သူတို့ သိပ်လည်း မသိဘူးလေ ။ သိဖို့လည်း တခါမှ မကြိုးစားဘူးလို့ ထင်တာပဲ။”
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMRDP) အပါအဝင် ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ၅ ပါတီကနေ လွှတ်တော် အစည်းအဝေး မတိုင်ခင်က တိုင်းရင်းသား ညီအစ်ကိုများအဖွဲ့ (NBF) ကို ဖွဲ့စည်းပြီး နိုင်ငံတော် ဒုသမတ ၊ ပြည်နယ် လွှတ်တော်တွေ အပါအဝင် လွှတ်တော် ၃ရပ် စလုံးရဲ့ ဒု လွှတ်တော် ဥက္ကဋ္ဌ နေရာတွေကို ရရှိဖို့ တောင်းဆိုခဲ့ပါတယ် ။
ပြည်နယ် လွှတ်တော်တချို့မှာ ကြံ့ခိုင်ရေးပါတီက သူတို့ ပါတီဝင် တိုင်းရင်းသား လွှွတ်တော် အမတ်တွေကို လွှတ်တော် ဥက္ကဋ္ဌ ၊ ဒု ဥက္ကဋ္ဌတွေအဖြစ် ရွေးချယ်ခဲ့ပါတယ်။
၂၀၁၀ရွေးကောက်ပွဲမှာ သက်ဆိုင်ရာ ပြည်နယ်တွေကနေ အမတ်နေရာ အများစု အနိုင်ရရှိခဲ့ကြတဲ့ တိုင်းရင်းသား ၅ ပါတီ စုပေါင်းအဖွဲ့ (NBF) အထဲမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၊ ချင်းအမျိုးသားပါတီ (CNP) ၊ ရှမ်းကျားဖြူပါတီခေါ် ရှမ်းအမျိုးသား ဒီမိုကရက်တစ်ပါတီ SNDP နဲ့ ဖလုံစဝေါ ကရင် ဒီမိုကရက်တစ် ပါတီတို့ ဖြစ်ကြပါတယ် ။
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMRDP) ဥက္ကဋ္ဌ နိုင်ငွေသိမ်းနဲ့ RFA မှ ဦးခင်မောင်စိုးမင်းက ဆက်သွယ် မေးမြန်းထားပါတယ် ။
ဆက်သွယ်မေးမြန်းချက် |
|
အသံဖိုင်ယူရန် |