တိုင်းရင်းသားများနဲ့ ကိုက်ညီတဲ့ ရင်းနှီးမြုှပ်နှံမှု မူဝါဒ ဆွေးနွေး

တိုင်းရင်းသားတွေနဲ့ ကိုက်ညီတဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုှပ်နှံမှု မူဝါဒ တစ်ခုထွက်ပေါ် လာဖို့ ရည်ရွယ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ က ခေါင်းဆောင်တွေနဲ့ လူမှုအခြေပြုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင် မြို့မှာ အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကျင်းပနေပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပစဉ် Photo: Aung Moe Myint/RFA

တိုင်းရင်းသားတွေနဲ့ ကိုက်ညီတဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုှပ်နှံမှု မူဝါဒ တစ်ခုထွက်ပေါ် လာဖို့ ရည်ရွယ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ က ခေါင်းဆောင်တွေနဲ့ လူမှုအခြေပြုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင် မြို့မှာ အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကျင်းပနေပါတယ်။

ဒီဆွေးနွေးပွဲဟာ တိုင်းရင်းသားဒေသတွေမှာ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ကိုက်ညီတဲ့ မူဝါဒ တွေချမှတ်နိုင်ဖို့ကျင်းပရ တာဖြစ်တယ်လို့ ဦးဆောင်စီစဉ်တဲ့ တိုင်းရင်းသား လူမျိုးများရေးရာ စင်တာ Ethnic Nationalities Affairs Center (ENAC) အဖွဲ့က စီမံကိန်း တာဝန်ခံ ကိုယောထုန် က မနေ့ကဖွင့်ပွဲမှာ RFA ကို  ပြောပါတယ်။

"ဒီတိုင်းရင်းသား နယ်မြေတွေမှာ ကုန်သွယ်ရေးတွေနဲ့ ရင်းနှီးမြုှပ်နှံမှုတွေဟာ နောက်ဆက်တွဲ လိုက်လာမှာ သေချာ တယ်၊  ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဆီမှာ ပြင်ဆင်ထားတာ မရှိလို့ရှိရင် ကျနော်တို့ တခြားနိုင်ငံတွေ လိုပေါ့လေ ဒီတစ်ဘက်က ဆိုးကျိုးတွေက ပိုများလာတာ ဖြစ်နိုင်တယ် အဲဒီအတွက်ကြောင့် ကျနော်တို့က ဘယ်ဟာတွေ က ဘယ်လိုမျိုးတွေ ပြင်ဆင်ထားသင့်လဲဆိုတဲ့ဟာကို သူ့ရဲ့မူဝါဒကို ကျ နော်တို့အကောင်အထည်ဖော်ဖို့အတွက် အဓိက ရည်ရွယ်ပြီး လုပ်ရခြင်းဖြစ်ပါတယ်။ ပြင်ဆင်ထားသင့်တယ်ဆိုတဲ့နေရာမှာ အဓိကတော့ မူဝါဒကို ဘယ်လိုမျိုး မူဝါဒတွေကို ကျနော်တို့ ချမှတ်ထားသင့်တယ်ဆိုတဲ့ဟာကို အဓိက ဇောင်းပေးပြီး လုပ်သွားမှာပေါ့"

ဖေဖေါ်ဝါရီလ ၁ ရက်နေ့အထိ ကျင်းပမည့် ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးရေး စီမံကိန်းတွေ လုပ်ဆောင်နေတဲ့ JICA Development Plan for Southeast Burma ကနေပြီး ရင်းနှီးမြုှပ်နှံမှု ကိစ္စတွေအပါအဝင် ထားဝယ်ရေနက်ဆိပ် ကမ်း အထူးစီးပွား ရေးဇုန်ကိစ္စ၊ ရခိုင်ပြည်နယ်က ကျောက်ဖြူ ရေနက် ဆိပ်ကမ်းအထူးစီးပွားရေးဇုန်ကိစ္စနဲ့ ကချင်ပြည် နယ်က ကျောက်စိမ်းတူးဖေါ်မှုကိစ္စတွေကို ဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

မနေ့က ဆွေးနွေးပွဲမှာ   ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ AOW က အမှုဆောင်အရာရှိ ခိုင်ကျော်ခိုင်က ရခိုင်ပြည်နယ်မှာ အစိုးရက စီးပွားရေးရင်းနှီးမြုှပ်နှံမှုတွေ တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်နေတာတွေ ရှိနေပေမယ့် တကယ် လက်တွေ့မှာတော့ ရခိုင်ဒေသခံ လူထုရော ရခိုင်ကုမ္ဗဏီတွေပါ အကျိုးရလဒ် တစ်စုံတရာ မရှိဖြစ်နေတာ ကို ထောက်ပြဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲကို တိုင်းရင်းသား လူမျိုးများရေးရာ စင်တာ (ပြည်ထောင်စု မြန်မာနိုင်ငံ) Ethnic Nationalities Affairs Center (Union of Burma) ENAC အဖွဲ့က ဦးဆောင်စီစဉ်ခဲ့တာဖြစ်ပြီး အဖွဲ့အစည်းအသီးသီးက ကိုယ်စား လှယ် ၄၀ နီးပါး တက်ရောက်ဆွေးနွေးနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org